"မင်းဘယ်သူလဲလို့၊မေးနေတယ်လေ..!!"
ရွှယ်ယန်တစ်ယောက်အရှေ့က အဖြူရောင်ကောင်လေးကိုငေးနေမိရာ
ကောင်လေးထံမှအသံကျယ်ကျယ်နှင့်ေပြာလာမှသတိပြန်၀င်တော့သည်။"အော်..ဒီကအကိုလေးက၊ဒီနေရာရဲ့ပိုင်ရှင်လား.."
"ငါမေးတာကိုအရင်ဖြေ..မင်းဘယ်သူလဲ၊ဘယ်ကလဲ၊ဒီနေရာကိုဘာကိစ္စလာတာလဲ.."
"အိုးဟိုးးတစ်ခုချင်းမေးပါအကိုလေးရယ်..
ကျွန်တော့်နာမည်ကရွှယ်ယန်ပါ။ကျွန်တော်အတည်ပြုစရာလေးရှိလို့လာရတာပါ""ဘာကိုလဲ.."
"ဒီမြှားက..အကိုလေးလုပ်ပေးတာလား.."
"မင်းကဘာလို့သိချင်ရတာလဲ.."
"ဒီမြှားတံကိုသံုးသွားတဲ့လူကပြဿနာအကြီးကြီးရှာသွားတယ်လေ၊အဲ့လူကိုရှာဖို့ လိုနေလို့ပါ."
"မြှားတံကတော့ငါလုပ်ပေးလိုက်တာ.."
"ဟုတ်လား..!ဘယ်သူကလုပ်ခိုင်းတာလဲ.."
"မင်းမေးသမျှကိုဘာလို့လိုက်ဖြေနေရမှာလဲ.."
ရွှယ်ယန်၊မိမိကိုရစ်ေနေသာရှေ့က ကောင်လေးကိုအသည်းယားနေချေပြီ။
တခြားလူသာဆိုအရင်လိုဓားတစ်ရမ်းရမ်းနှင့်
မေးလိုက်ရင် ရပေမဲ့၊ဒီကောင်လေးကိုမှ သူ့မှာမထိရက်ဖြစ်နေတာကြောင့်
အခက်တွေ့နေလေသည်။"အဟင်း..အကိုလေးမဖြေရင်၊ကျွန်တော်ကအိမ်ခေါ်သွားမှာ.."
"အဟက်..မင်းလိုကောင်လေးကများ ငါ့ကိုခြိမ်းခြောက်နေသေးတယ်။မင်းလုပ်နိုင်ရင်
အားး..!!မင်းဘာလုပ်တာလဲ.. ငါ့ကိုလွှတ်ပေးစမ်း..!!"ရွှယ်ယန်စိတ်မထိန်းနိုင်တော့ပဲ ရှေ့ကအဖြူရောင်ကောင်လေးကိုချီကာပုခုံးပေါ်ထမ်းပြီးခေါ်သွားလေသည်။
"ခွေးကောင်..!!မင်းကိုငါသတ်ပစ်မယ်..လွှတ်လို့ပြောနေတယ်။
ရွှယ်ယန်...!!!""ဒါနဲ့..အကိုလေးနာမည်ကဘယ်လိုခေါ်လဲ.."
"မပြောဘူးကွာ..ငါ့ကိုပြန်ချပေး..!!"
"မပြောရင်..ဇောက်ထိုးလေးချီသွားလိုက်မယ်..
ဘယ်လိုလဲ.""တောက်..!!ရှောင်ရှင်းချန်..ငါ့နာမည်ကရှောင်ရှင်းချန်..အခုငါ့ကိုပြန်ချပေး..!"
YOU ARE READING
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...