ဧကရာဇ်ရဲ့အချစ်တော်(part-14)ဧကရာဇ္ရဲ့အခ်စ္ေတာ္

7.1K 641 29
                                    

"ညီလေးဝေ့..နိုးပြီလား.."

"ဟုတ်အစ်ကိုရှင်းချန်..ကျွန်တော်တို့ဒီကို ဘယ်ချိန်ထဲကပြန်ရောက်နေတာလဲ.."

"ညီလေးဝေ့ကသတိလစ်သွားရင်းနဲ့ တစ်ခါထဲအိပ်ပါပေ‌ျာ်သွားတဲ့ပုံပဲနော်..နောက်နေ့မနက်တောင်ရောက်နေပြီလေ.."

"ဟင်..!ဟုတ်လား..ဒါနဲ့..ဟို၊လူသတ်သမားရော..
ကျွန်တော်တို့သူ့ဆီကဘယ်လိုလွတ်လာတာလဲ.."

"အော်..အဲ့လူက..အစ်ကိုတို့ကိုကယ်လိုက်တာ
ပြီးတော့ပြန်သွားတယ်။အစ်ကိုတောင်သူဘယ်သူလဲမသိလိုက်ဘူး.."

အမှန်တော့ရှင်းချန်ကိုဧကရာဇ်ကမပြောပြခိုင်းထားခြင်းဖြစ်သည်။ရှင်းချန်ကဘာလို့လဲမေးတော့
"နန်းပြင်မှာလူသတ်လိုက်တဲ့လူကကိုယ်ဝောာ်မှန်း ဝေ့ရင်းသိသွားရင်သူကြောက်သွားမှာစိုးလို့ပါ" တဲ့လေ။

"အော်..လန်ကျန့်ရော..သိသွားသေးလား.."

"သူသိတာပေါ့..ညကညီ‌လေး‌ဝေ့
သတိလစ်နေတော့ဧကရာဇ်က
တစ်ညလုံးမအိပ်ပဲထိုင်စောင့်နေတာ..
မနက်စောစောကမှပြန်သွားတာ.."

"ဟုတ်လား..သူ..မဆူဘူးလား.."

"မဆူပါဘူး..ဒါမဲ့ညီလေးဝေ့ ဧကရာဇ်ကိုသွားတောင်းပန်သင့်တယ်နော်.."

"အင်းပါ..ကျွန်တော်ပြီးရင် သူ့ဆီသွားလိုက်မယ်.."

"ကောင်းတယ်.."
*
*
*
*
"ရွှယ်ယန်..မင်းရဲ့လူစုံစမ်းဝာာ ဘာထူးသေးလဲ.."

"ဧကရာဇ်က ကြင်ယာတော်နားပဲနေခိုင်း ထားတော့ဘယ်ကစုံစမ်းချိန်ရှိမှာပါလဲ.."

"ဖြစ်နေလိုက်တာ..အလုပ်ကအလုပ်ပဲလေ..
သေချာစုံစမ်းခိုင်း.."

ရွှယ်ယန်ကတော့ပြန်သာမပြောတယ် မျက်နှာကြီးကမဲ့ရွဲ့နေလေသည်။

"အာ..သူဟိုတစ်နေ့ကတော့ကျွန်တော်မျိုးကို ပြောပြတယ်။သူမြို့ထဲက စားသောက်ဆိုင်တစ်ခုမှာမြှားလာလုပ်ခိုင်းတဲ့
သူရဲ့ အသံကိုကြားလိုက်တယ်ပြောပါတယ် လူကိုတော့မတွေ့လိုက်ရဘူးတဲ့..ပြီးတော့အဲ့လူကမင်းမှုထမ်းလို့လဲပြောပါတယ်.."

"ထင်မိပါတယ်..ကိုယ်တော်ကတော့ ကာကွယ်ရေးအမတ်ကြီးကို
သံသယဖြစ်မိနေတယ်။မင်းအမြင်ကရော.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now