ဧကရာဇ်ရဲ့အချစ်တော်(Part-9)ဧကရာဇ္ရဲ့အခ်စ္ေတာ္

7.9K 650 16
                                    

"ကျွန်တော်မျိုးကျန်းဖုန်းမြင့်..
ဧကရာဇ်ကိုဂါရ၀ပြုပါတယ်.."

"ကျန်းအကြီးအကဲတို့လာပြီလား..ထိုင်ပါဦး.."

"မှန်လှပါဧကရာဇ်..ဒါကျွန်တော်မျိုးရဲ့ သမီးကြီးကျန်းရန်လီနဲ့ သားငယ်ကျန်းချန်ပါ.."

"အင်း..မောင်မင်းတို့ကိုဝေ့ရင်းက မျှော်နေတာ.."

"ဝေ့ဝူရှန့်..သူကအခုဘယ်မှာလဲ.."

"အားချန်..!!စကားကိုဆင်ခြင်စမ်း.."

"စိုးရွံ့မိပါတယ်ဧကရာဇ်.."

"ရပါတယ်..အခုခေါ်ရတဲ့အကြောင်းကိုတော့ သိပြီးရောပေါ့.."

"မှန်လှပါဧကရာဇ်..စိုးရွံ့မိပေမဲ့..အားရှန့်ကို.."

"စိုးရွံ့မိတယ်ဆိုလည်းလျှောက်တင်မနေနဲ့တော့
ကိုယ်တော်ကဝေ့ရင်းကိုတစ်ကယ်ချစ်လို့ ကြင်ယာတော်မြှောက်တင်တာ ဖြစ်လို့မစိုးရိမ်ပါနဲ့"

"မမ..!ကျန်းချန်..!!"

"အားရှန့်.."

"မမတို့ကရောက်တာတောင် အားရှန့်ဆီအရင်မလာဘူး..ဒီကအရမ်းလွမ်းနေတာကို.."

"ဧကရာဇ်ကိုအရင်ဂါရ၀ပြုရတာပေါ့..အားရှန့်ရဲ့
အာ..အခုကြင်ယာတော်‌လို့ခေါ်ရတော့မှာပဲ.."

"မမနော်..ကျန်းချန်..မင်းကလဲတိတ်နေလိုက်တာ
ငါ့ကိုပြန်တွေ့ရတာ၀မ်းမသာဘူးလား.."

"ကျွန်တော်မျိုးကျန်းချန် တောင်းဆိုစရာရှိပါတယ်ဧကရာဇ်.."

"အားချန်..!"

"ရပါတယ်ကျန်းအကြီးအကဲ..ဝေ့ရင်းရဲ့ညီ လုပ်သူကဘာများပြောချင်လို့ပါလဲ.."

"ကျွန်တော်မျိုးကိုကြင်ယာတော်ဝေ့ရဲ့ ကိုယ်ရံတော်အဖြစ်ခန့်အပ်စေချင်လိုပါတယ်.."

"ဘာကြောင့်လဲ၊ကိုယ်တော့်ဆီမှာ ထူးချွန်တဲ့ ကိုယ်ရံတော်တွေအများကြီးပါ.."

"ဘာပဲဖြစ်ဖြစ်..သူစိမ်းကိုတော့ယုံရပါ့မလား ဧကရာဇ်..ဒီလိုအန္တရာယ်များတဲ့နေရာမှာ (နန်းတွင်းကိုပြောတာပါ) ကျွန်တော်မျိုးရဲ့ အကိုကိုစိတ်မချနိုင်ပါ ဧကရာဇ်.."

"လန်ကျန့်..လန်ကျန့်.!ကျန်းချန်ကအရမ်းတော်တာနော်..သူပြောတာလက်ခံပေးလိုက်ပါလား.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now