"ဧကရာဇ်..မနက်ဖြန် ကြင်ယာတော်တင်မြှောက်ပွဲကို ချင်တိုင်းပြည်မှလည်းတက်ရောက်
မည်ဖြစ်ကြောင်းပါ..""ကိုယ်တော်ကတိုင်းပြည်တိုင်းကိုဖိတ်ကြား ထားတာပဲ။ချင်တိုင်းပြည်ကလာမှာ ဘာဖြစ်လို့လဲ.."
"ချင်မင်းသမီးကိုယ်တိုင်တက်ရောက်မှာပါ ဧကရာဇ်..အဲ့ဒါ.."
"အော်..သိပြီ။ဒါနဲ့ ကိုယ်တော်ပြောစရာရှိတယ်
ခုတစ်လော..ကိုယ်တော့်ဆီကိုတိုင်ကြားစာ တွေရောက်လာနေတယ်..
အခွန်တော်ကိစ္စတွေလေ..""………"
"ဘယ်လိုဖြစ်လို့တိတ်သွားကြတာလဲ..ကိုယ်တော်ကဘာမှမသိဘူးလို့ထင်နေတာလား..!"
"""စိုးရွံ့မိကြောင်းပါဧကရာဇ်.."""
"အခွန်ရုံးတော် အမတ်ကြီး..ပြောစရာမရှိဘူးလား."
"ဒါ..ဒါ..စွပ်စွဲခံရတာပါဧကရာဇ်.."
"အဟက်..!ကိုယ်တော်ကဘာပြောရသေးလို့ စွပ်စွဲခံရတယ်ပြောတာလဲ.."
"…………"
"ကြားမိတာတော့ မောင်မင်းရဲ့ပိုင်ဆိုင်မှုက နန်းတော်ဘဏ္ဍာတိုက်နီးပါးရှိနေတယ်ဆို..
အဟက်..မောင်မင်းကအတော်ကြွယ်၀တာပဲ
ကိုယ့်စည်းစိမ်တွေအတွက်လိပ်ပြာလုံရဲ့လား.."အမှန်တော့ပြည်သူတွေဆီမှတိုင်ကြားစာ ရောက်လာခြင်းမဟုတ်ပေ။ဧကရာဇ်ကိုယ်တိုင် လူယုံများစေလွှတ်၍မသက်ာသူများအား စုံစမ်းခိုင်းထားခြင်းဖြစ်သည်။
ယခုလည်းဘဏ္ဍာရေးအမတ်တစ်ဖြစ်လဲ အခွန်ရုံးေတာ်အမတ်ကြီး၏ လာဘ်စားမှုများမှာ အတိုင်းထက်လွန်လာပြီဖြစ်သဖြင့် စီရင်ရခြင်းဖြစ်သည်။ ကိုယ်အုပ်ချုပ်သည့်ချိန်တွင်ဤသို့ ပြည်သူများအားဖိနှိပ်ခြင်းမျိုးမလိုလားပေ။"စိုးရွံ့မိကြောင်းပါဧကရာဇ်..ကျွန်..
ကျွန်တော်မျိုး..""ငါကိုယ်တော်အုပ်ချုပ်နေစဉ်အတွင်း အခုလိုဖြစ်ရပ်မျိုးဘယ်တော့မှမကြုံတွေ့စေရဘူး
လို့ပြည်သူတွေကိုကတိပြုခဲ့တယ်။မောင်မင်းတို့ကငါကိုယ်တော်ကို သိက္ခာချနေတာပဲ..!!"ဧကရာဇ်၏အသံမှာဒေါသသံပါလာပြီဖြစ်တာကြောင့် အမတ်များအားလုံး ညီလာခံခန်းမကြမ်းပြင်တွင် ဦးခေါင်းပင်မဖော်ရဲအောင်ပြားပြား
၀ပ်နေကြသည်။

CZYTASZ
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...