ဧကရာဇ်ရဲ့အချစ်တော်(Part-32)ဧကရာဇ္ရဲ့အခ်စ္ေတာ္

6.2K 439 9
                                    

"ညီလေးဝေ့..ညီလေးဝေ့..!ထတော့လေ.."

"ဟင်..ဘာလို့လဲ..အစောကြီးရှိသေး
တယ်လေဗျာ.."

"ဘယ်လိုစောတာလဲ..!အခုပဲနေ့လည်ရောက်တော့မယ်။ထတော့..ဒီနေ့ဧကရီရဲ့မွေးနေ့ကျင်းပမှာ ပွဲတက်ရမယ်လေ.."

"ဟွန့်~မတက်ချင်ပါဘူး..သူ့မွေးနေ့ကိုကျွန်တော်ကဘာလို့တက်ရမှာလဲ.."

"ဒါပေမဲ့မကောင်းဘူးလေကွာ..အများအမြင်မှာညီလေးဝေ့ကယဉ်ကျေးမှုမရှိသလိုဖြစ်နေမှာပေါ့"

"ဟင်းးလန်ကျန့်ရော.."

"ဧကရာဇ်လည်းတက်ရမှာပေါ့.."

"ပြီးရော..ကျွန်တော်ပြင်ဆင်လိုက်ဦးမယ်.."

ဝေ့ရင်းရေချိုးသန့်စင်လိုက်ပြီး အရင်လိုပေါ့ပေါ့ပါးပါး၀တ်စုံကိုသာ ၀တ်ဆင်လိုက်သည်။ပွဲတက်ရမယ်ဆိုတော့ နဲနဲတော့တောက်တောက်ပြောင်ပြောင်တော့ ရှိတာလေးပေါ့။အနီရောင်အတွင်း၀တ်စုံကိုအပေါ်မှ အဖြူနှင့်အနီရော၍ကနုတ်ပုံထိုးထား
သောဇာ၀တ်ရုံပါးလေးကို၀တ်ဆင်ထားသည်။

"ဧကရာဇ်ကိုဂါရ၀ပြုပါတယ်.."

ဝေ့ရင်းဆံပင်စည်းရန်လုပ်နေတုန်း ဧကရာဇ်၀င်လာတာကြောင့် လှုပ်ရှားမှုများခနရပ်တန့်သွားသည်။‌ေ၀့ရင်းဧကရာဇ်ကိုတော့လှည့်မကြည့်ခဲ့ပေမဲ့ မှန်ကနေမြင်နေရတဲ့ဧကရာဇ်၏ပုံရိပ်မှာ ခန့်ညာ‌းနေတာတော့အမှန်ပင်။ငွေရောင်အတွင်း၀တ်ရုံပေါ်တွင်ရွှေရောင်လက်နေ‌သောနဂါး၀တ်ရုံကို၀တ်ဆင်ထားသည်။

"ခနလောက်ထွက်သွားပေးပါ ရှောင်ရှင်းချန်"

"မှန်လှပါဧကရာဇ်.."

ရှင်းချန်ထွက်သွားတော့ဧကရာဇ်ကဝေ့ရင်း နားကိုရောက်လာပြီး ဝေ့ရင်းဆံပင်လေးကို ကိုင်ကာစည်းနှောင်ပေးလေသည်။ဝေ့ရင်းကတော့ဘာမှပြန်မပြောပဲ
ငြိမ်နေလေသည်။

"ဝေ့ရင်းဒီနေ့အရမ်းလှနေတာပဲ.."

"……"

"ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား..ကိုယ်တောင်းပန်ပါတယ်၊စိတ်မဆိုးနဲ့တော့နော်.."

ဆံပင်ကိုစည်းနှောင်လို့ပြီးသွားတာမို့ ဝေ့ရင်းခုံမှမတ်တပ်ထရပ်ကာထွက်သွားဖို့လုပ်တော့‌ဧကရာဇ်ကလက်ကိုလှမ်းဆွဲလိုက်သည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Où les histoires vivent. Découvrez maintenant