"အဟမ်း..!လန်ရှီးချန်..ခင်ဗျား
အလုပ်လုပ်တာအခြေအနေဘယ်လိုလဲ..""ဟင်..အွမ်း..အဆင်ပြေပါတယ်.."
ထမင်းစားနေချိန်မေးလိုက်တာမို့ ပလုပ်ပလောင်းနှင့်ပြန်ဖြေနေသာ လန်ရှီးချန်ကြောင့်ကျန်းချန်
မျက်စောင်းထိုးမိသည်။"ဒီမှာ..ခင်ဗျားတော်တော်ငတ်နေလား.."
"အဟွတ်..!ဘာလို့လဲကောင်လေးရယ်.. ထမင်းစားနေတာကို"
"သိတယ်လေ..ကျွန်ေတာ်မေးတာကို သေချာပြန်မဖြေပဲ အစားပဲစွတ်စားနေတာကိုး.."
"ကောင်လေးကလေ..တစ်နေ့တစ်နေ့အလုပ် ဆိုတာကြီးပဲပြောနေ။ရော့..!"
ရှီးချန်စာအုပ်တစ်အုပ်ကိုစားပွဲပေါ်
ပစ်တင်ပေးလိုက်သည်။ကျန်းချန်စာအုပ်ကိုယူကြည့်လိုက်တော့ အဖုံးတွင်အရေးကြီးမှတ်တမ်း လို့ရေးထားေလသည်။"ဒီစာအုပ်က..?"
"အဲ့တာအမတ်ကြီးရဲ့မှတ်တမ်းစာအုပ်ပဲ..
ဒါမဲ့အစစ်တော့မဟုတ်ဘူး။အတု..""ဘာကိုပြောချင်တာလဲ..သေချာပြော.."
"ဒီလိုကွာ..အမတ်ကြီးကြည့်ရတာ နေ့စဉ်သူလုပ်ခဲ့တာတွေကိုပြန်ချရေးတတ်တဲ့ ပုံစံပဲ။ကိုယ်သူ့အဆောင်ကို၀င်မွှေတော့ သူ့အခန်းရဲ့ပန်းချီကားနောက်မှာလျှို့ဝှက်အခန်းတစ်ခုရှိတယ်။အဲ့အခန်းကိုကိုယ်၀င်ကြည့်တော့ အဲ့စာအုပ်ကိုတွေ့လို့ပုံတူကူးလာတာ.."
"နေ့စဉ်မှတ်တမ်းဆိုစာအုပ်တွေကများနေမှာပဲ..
ခင်ဗျားဒါကိုဘယ်လိုရှာတွေ့ခဲ့တာလဲ..""အော်..ကိုယ်အဲ့ထဲမှာအချိန်တစ်ခုထိနေပြီး ရှာတာပေါ့။ဒီစာအုပ်က တစ်ခြားစာအုပ် တွေလိုမဟုတ်ဘူး။သူ့ထဲမှာ အမတ်ကြီးလုပ်ခဲ့တဲ့ကိစ္စကြီးတွေကိုပဲ
မှတ်ထားတာ..ကိုယ်ကသူ့လက်ရေး
အတိုင်းလိုက်ကူးခဲ့ယုံပဲ..ကောင်လေးအဲ့စာအုပ်ကိုယူမထားနဲ့ဦးနော်..""ဘာလို့လဲ.."
"သူကနေ့တိုင်းမှတ်တာလေ..မှတ်ထားတာတွေကအများကြီး ကိုယ်ကအကုန်ထိုင်ကူးခဲ့ဖို့ အချိန်မလောက်ဘူး။ဒါကြောင့်နေ့တိုင်းသွားပြီး ကိုယ်တို့လိုချင်တဲ့အဖြေတွေ့တဲ့ထိလုပ်ရမယ်.."

KAMU SEDANG MEMBACA
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...