"အင်းးအိပ်လို့ကောင်းလိုက်တာ..ကိုယ့်အိမ်ကိုယ်ပြန်ရောက်လို့လားမသိဘူး.."
ဝေ့ရင်းအိပ်ယာနိုးေတာ့
အကြောတွေဆန့်ထုတ်ရင်းကျေနပ်စွာ
ပြောလိုက်လေသည်။ထို့နောက်ဘေးကိုအကြည့်ရောက်သွားတော့ မိမိဘေးတွင်အပြစ်ကင်းစွာအိပ်စက်နေဆဲဖြစ်သောဧကရာဇ်..ဝေ့ရင်းတစ်ယောက်ဧကရာဇ် မျက်နှာနားလေးကိုကပ်ကာကြည့်နေမိသည်။"မင်းသိလားလန်ကျန့်..မင်းအိပ်နေတဲ့ပုံလေးက တစ်ကယ်ချစ်စရာလေး..မင်းငါနဲ့လိုက်လာတာ ကောင်းတယ်၊နန်းတော်မှာဆို မင်းအလုပ်တွေနဲ့ပဲ အချိန်ကုန်နေတာကောင်းကောင်းမအိပ်ရ ဘူးမှတ်လား.. ပင်ပန်းနေမှာပဲနော်.. မင်းအသက်လေးနဲ့မလိုက်နိုင်ငံ့အရေးတွေ
ကိုထမ်းပိုးထားရတာ..""ဟင်..ဝေ့ရင်း.."
ဝေ့ရင်း ဧကရာဇ်ရဲ့ဆံပင်လေးကို သပ်ပေးဖို့လက်ရောက်သွားတုန်းမျက်လုံးဖွင့် လာတဲ့ဧကရာဇ်ကြောင့် လင်ကိုအမြန်ပြန်ရုတ်လိုက်သည်။
"အာ..လန်ကျန့်..ငါ့ကြောင့်နိုးသွားတာလား.."
"မဟုတ်ပါဘူး..ဒါနဲ့ဝေ့ရင်းက ကိုယ့်နားကိုကပ်ပြီးဘာလုပ်နေတာလဲ.."
"ဟမ်..?ဘယ်.ဘယ်မှာကပ်လို့လဲ..မကပ်ပါဘူး"
"ဟုတ်လို့လား..ကိုယ်သေချာပေါက် သိလိုက်ပါတယ်..မှန်မှန်ပြောစမ်း..ကိုယ်အိပ်နေတာကိုခိုးကြည့်နေတာမှတ်လား.."
"မကြည့်ပါဘူးဆိုကွာ..!ငါကိုယ်လက်သန့်စင်တော့မယ်..
လိုက်မလာနဲ့နော်"ဝေ့ရင်းတစ်ယောက်ရှက်ပြီးမျက်နှာကြီးရဲကာ ရေချိုးဆောင်ထဲပြေး၀င်သွားလေသည်။
ဝေ့ရင်းထွက်သွားတော့ ဧကရာဇ်တစ်ယောက်ထဲ ဝေ့ရင်းရဲ့အခန်းကိုပတ်ကြည့်နေသည်။ မနေ့ကအခန်းစီစဉ်ပေးတော့ ဝေ့ရင်းကသူ့အခန်းသူပြန်အိပ်ချင်တယ်ဆိုသောကြောင့်အခန်းပြောင်းလိုက်ခြင်းဖြစ်သည်။
ဧကရာဇ်အခန်းကိုပတ်ကြည့်နေရင်း ဝေ့ရင်းနဲ့စတွေ့တုန်းကအဖြစ်လေးကိုပြန်
မြင်ယောင်မိသည်။ထိုလူသားလေးမှ မိမိရင်ထဲစတင်နေရာယူခဲ့တာ ဒီအခန်းလေးထဲမှာပင်ဖြစ်သည်လေ။ အခုချိန်ထိမိမိအား ချစ်တယ်ဟုဖွင့်မပြောပေမဲ့ စောင့်နေဦးမည်သာဘယ်လောက်ကြာကြာ စောင့်နေပေးမည်။ မိမိဘ၀တွင် လုံလောက်စွာမရခဲ့သောချစ်ခြင်းမေတ္တာတွေကို
ထိုလူသားလေးက အပြည့်အ၀ခံစားစေရမည်။အဲ့တာတွေအားလုံးအတွက်အဖိုးအခ
ဆိုတာမလိုပါဘူး..ထိုလူသားလေးမိမိနားတွင် ရှိနေပေးလျှင်သာလုံလောက်ပါပြီလေ..
YOU ARE READING
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...