ဧကရာဇ်ရဲ့အချစ်တော်(Part-26)ဧကရာဇ္ရဲ့ခ်စ္ေတာ္

5.9K 433 28
                                    

"အထိန်းတော်ကြီး..ကျွန်‌ေတာ်ဧကရာဇ်နဲ့ တွေ့မလို့လေ.."

ရွှယ်ယန်မနေ့ကကိစ္စကိုပြောရန် ဧကရာဇ်ဆီရောက်လာသော်လည်း အဆောင်၀မှာပိတ်ရပ်နေတဲ့အထိန်းတော်ကြီး

"အင်းးသိပါတယ်ကွယ်။ဒါမဲ့ဧကရာဇ်ကအိပ်ယာက မနိုးသေးပါဘူး.."

"အော်..ရတယ်၊ကျွန်တော်၀င်သွားလိုက်မယ်.."

"အယ်..မရဘူး..မရဘူး.!အိုက်ယား..ပြောရခက်လိုက်တာကွယ်။အထဲမှာမိဖုရားဝေ့နဲ့..အိပ်နေတာဆိုတော့..
မမြင်သင့်တာတွေမြင်မှာစိုး.."

"အာ..ဒါပေမဲ့အရေးကြီးလို့ပါ၊အသံလေးပြုပေးပါလားဗျာ.."

"ရွှယ်ယန်လား..၀င်ခဲ့လိုက်လေ..!!"

ရွှယ်ယန်တို့အသ‌ံေတွကိုဧကရာဇ်
ကြားသွားသည်ထင်။အထဲကနေလှမ်းခေါ်သံပြုလိုက်တာကြောင့် ရွှယ်ယန်လည်း၀င်သွားလိုက်သည်။

"ဧကရာဇ်..၀င်လာလို့
အဆင်ပြေတယ်မလား.."

ရွှယ်ယန်အဆောင်ထဲ၀င်ဖို့ကို အခုမှ၀တ်ရုံတော် ပြန်၀တ်နေတဲ့ဧကရာဇ်ကြောင့် အဆောင်ပေါက်၀တွင်ရပ်ကာမေးလိုက်သည်။
ဧကရာဇ်တစ်ယောက်ထဲဆိုလျှင်တော့ သူငယ်ချင်းတွေမို့ကိစ္စမရှိပေမဲ့အခုမှာ ဝေ့ရင်းလည်းရှိနေတာမို့ရွှယ်ယန် ပေါ်ပေါ်လျော်လျော်တွေမမြင်ချင်ပေ။တော်ကြာမြင်သွားမိရင်သက်သက်ကြီး ဧကရာဇ်၏စိုက်ကြည့်ခြင်းကိုခံရပေဦးလိမ့်မည်။
ကိုယ့်မှာလည်းကိုယ်ပိုင်ကြည့်စရာရှိသည်လေ သူများဟာကိုကြည့်တယ်ဆိုပြီးတော့ သံသယအ၀င်မခံနိုင်ပေ..

"ဘာမှမဖြစ်ဘူး..၀င်လာခဲ့.."

"မှန်လှပါ.."

"မနက်စောစော..ဘာအရေးကြီးကိစ္စလဲ.."

"မနေ့ကအစ်ကိုရှင်းချန်နဲ့အပြင်သွားတော့..
မြှားလုပ်တဲ့သူကိုသိလာရပါတယ်..ဧကရာဇ်.."

"ဟုတ်လား..ဘယ်သူလဲ.."

"ကာကွယ်ရေးအမတ်ကြီးပါဧကရာဇ်..
အစ်ကိုရှင်းချန်ကသူ့ရဲ့အသံကို သေချာမှတ်မိနေတာကြောင့်
သေချာတယ်ပြောပါတယ်.."

"အဟက်..ထင်ထားသလိုပဲကိုး။ဒါပေမဲ့အမတ်ကြီးကိုဖြုတ်ချဖို့က ရှင်းချန်ရဲ့သက်သေတစ်ခုထဲကသိပ်ပြီး မခိုင်လုံဘူး..ငါတို့တစ်ခုခုထပ်လုပ်ရမယ်"

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now