ဧကရာဇ်ရဲ့အချစ်တော်(Part-3)ဧကရာဇ္ရဲ့အခ်စ္ေတာ္

11.4K 848 5
                                    

"ဧကရာဇ်..!!စောင့်ဆိုင်းတော်မူပါဦး။ကျွန်တော်မျိုးကျန်းဖုန်းမြင့်က အတင့်ရဲပြီးပြောပါရစေ.."

ဧကရာဇ် နန်းတော်သို့ပြန်ရန်ထွက်ခါနီး ကျန်းဖုန်းမြင့်မှ ပြောလာခြင်းဖြစ်သည်။

"ပြော.."

"အားရှန့်လေးက အရွယ်ရောက်လာပြီဆိုပေမဲ့ ကလေးစိတ်မကုန်သေးပါဘူးအဲ့တာ‌ေကြာင့်..
ဧကရာဇ်အပေါ်အမှားလုပ်ခဲ့မိခဲ့တဲ့အတွက် ကျွန်တော်မျိုးကပဲအပြစ်ခံယူပါ့မယ်.."

"အော်..ကျန်းအကြီးအကဲက ငါကိုယ်တော် ဝေ့ရင်းကိုနန်းတွင်းသွင်းတဲ့ အမိန့်ကိုဖီဆန်ချင်တာလား.."

"ကျွန်တော်မျိုးမ၀င့်ရဲပါဘူး။ကျွန်တော်မျိုးက သူ့ရဲ့အုပ်ထိန်းသူအနေနဲ့ သူ့ကိုယ်စားအပြစ်ခံယူ သင့်တယ်ထင်လို့ပါဧကရာဇ်.."

"ဟင်းး..ကောင်းပြီလေ၊ဒါဆို ကိုယ်တော်အပြစ်ဒဏ်ကိုပြောမယ်၊ ကျန်းအကြီးအကဲရဲ့သားနဲ့သမီးနှစ်ယောက်ကို အဆင့်နိမ့်ကျွန်အဖြစ်ပေးလိုက်မလား.."

ဧကရာဇ်ရဲ့စကားကြောင့် ကျန်းဖုန်းမြင့်ရော ဘေးကအထိန်းတော်တေပါမျက်လုံးပြူးသွားရသည်။ ကျန်းဖုန်းမြင့်မှာဝူယွမ်ရွာလေး၏ အကြီးအကဲ တယောက်ဆိုပေမဲ့၊နန်းတွင်းတွင်လည်း အရေးပါသည့်အမတ်တဦးဖြစ်သည်။ ဧကရာဇ်၏ခမည်းတော်လက်ထပ်ထဲက လက်ယာအကြံပေးအမတ်တဦးဖြစ်ခဲ့ပေမဲ့ သဘောထားမတိုက်ဆိုင်တာကြောင့် ရာထူးမှနှုတ်ထွက်ခဲ့သည်။

ဧကရာဇ်နန်းတက်ချိန်မှ ကျန်းဖုန်းမြင့်၏အရည်အချင်းကိုသိတာ‌ေကြာင့်အကြံပေးရာထူးအားလက်ခံရန် ပြောခဲ့ပေမဲ့ လက်မခံခဲ့ပေ။ဝူယွမ်ရွာကိုတောင်ဧကရာဇ်က တချက်လွတ်အမိန့်ချထားခြင်းကြောင့် အုပ်ချုပ်နေခြင်းဖြစ်သည်။
ထိုသို့သောအဆင့်အတန်းရှိလူကြီးမင်း၏ သားနှင့်သမီးကို အဆင့်နှိမ့်ဆုံး ကျွန်အဖြစ်ထားခိုင်းသော ဧကရာဇ်အား အားလုံးကအံ့ဩသွားကြသည်။

"ဘလိုလဲကျန်းအကြီးအကဲ..ကိုယ်တော်ပြောတဲ့တိုင်းလက်ခံနိုင်ရဲ့လား.."

ကျန်းအကြီးအကဲမှာသားသမီးနှင့်ခြိမ်းခြောက်ခံ လိုက်ရတာကြောင့်တွေဝေသွားရသည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now