"ဟတ်ချိုး..!!အာ..နှာရည်တွေက ဘယ်လိုလုပ်ကျလာတာလဲ..ရွှတ်.."
ဝေ့ရင်းတစ်ယောက်နှာရည်တွေကို ၀တ်ရုံစနဲ့ကောက်သုတ်လိုက်သည်။
"ဝေ့ရင်း..ဘာလို့၀တ်ရုံစနဲ့သုတ်နေတာလဲ၊လာ.."
"ဘာဖြစ်လဲ..မင်းကရွံလို့လား..အမ်..!"
အနားကိုရောက်လာပြီး ပုဝါစလေးနဲ့ နှာရည်သုတ်ပေးလိုက်တဲ့ဧကရာဇ်ကြောင့်ဝေ့ရင်းမှာကြောင်သွားလေသည်။
"နှာရည်ကကျပြီပေါ့..ရေအကြာကြီးဆော့လိုက်တာကိုး..ဒီနေ့တော့နားလိုက်တော့နော်"
"အင်းပါ..အော်.!မရဘူး..!"
"ဘာလို့လဲ.."
"ညကျရင်မီးပုံးလွှတ်ပွဲရှိတယ်၊ငါတို့သွားရအောင်လေ.."
"မသွားပါနဲ့တော့လူတွေအရမ်းများမှာ..
ကိုယ်မကြိုက်ဘူး..""အာ.လန်ကျန့်ကလဲ..လူရှင်းတဲ့နေရာသွား လွှတ်မယ်လေကွာ။အဲ့လိုမီးပုံးပျံလွှတ်ရင်းဆုတောင်းရင် ဆုတောင်းပြည့်တတ်တယ်တဲ့..
သွားမယ်လေနော်..လန်ကျန့်..""ကောင်းပြီ.."
ဒေါက်.ဒေါက်..
"ဘယ်သူလဲ..!"
"ကျန်းချန်ပါဧကရာဇ်..ကိုယ်ရံတော်ရွှယ်ယန် တို့ရောက်ရှိနေကြောင်းပါ.."
"အော်..၀င်လာခဲ့.."
""ဧကရာဇ်ကိုဂါရ၀ပြုပါတယ်..""
"အင်း..ဘယ်လိုရောက်လာကြတာလဲ.."
"အစ်ကိုရှင်းချန်ပေါ့..မိဖုရားဝေ့ကိုမတွေ့ရတာကြာပြီဆိုပြီးအပူကပ်နေလို့ပါ.."
"အစ်ကိုရှင်းချန်..!!ကျွန်တော်သတိရနေတာ..
အစ်ကိုဒဏ်ရာသက်သာသွားပြီလားဟင်..""သက်သာသလောက်ရှိနေပါပြီဗျာ..အစ်ကိုလဲ
ညီလေးဝေ့ကိုသတိရနေတာ..""ဟီး..ကောင်းတယ်။လာ..လာထိုင်..ကျွန်တော်တို့ပြောစရာစကားတွေအများကြီးရှိတယ်.."
ဝေ့ရင်းကတော့ရှင်းချန်လက်ကိုဆွဲကာ အဆောင်ရှေ့ကခုံမှာသွားထိုင်လေသည်။
"ရွှယ်ယန်..ငါ့ကိုပြောစရာရှိလို့လား.."
"မှန်လှပါ..အစ်ကိုရှင်းချန်ကို လုပ်ကြံတဲ့လူနှစ်ယောက်ဆီမှာ ဒါကိုတွေ့ရပါတယ်.."
YOU ARE READING
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...