Flashback start***
*ဟန်နိုင်ငံ ရွှေနန်းတော်၊ညီလာခံခန်းမ*ညီလာခံခန်းမထဲတွင် ရာထူးအလိုက်အဆင့်ဆင့်သော မှူးမတ်သေနာပတိများ၏ တယောက်တပေါက်စကားသံများနှင့်
ပြည့်နှက်နေခဲ့သည်။"ဧကရာဇ်ကြွချီတော်မူလာပါပြီ..!!!"
ရှေ့တော်ပြေးအမတ်တဦး၏ အသံနှင့်အတူ
ညီလာခံခန်းမထဲသို့ကြွချီလာသော ဟန်ဧကရာဇ်
ရွှေရောင်တောက်ပသောနဂါး၀တ်ရုံတော်ကို
ဆင်မြန်း၍ရာဇမာန်အပြည့်ရှိလှသော ဧကရာဇ်မှာ လွန်စွာကျက်သရေရှိလှသည်။"ဧကရာဇ်သက်တော်ရာကျော်ရှည်ပါစေ.."
"ညီလာခံစတင်မယ်.."
အာဏာသံအပြည့်ပါသော ခပ်ရှရှအသံတခု ဧကရာဇ်ထံမှထွက်လာသည်နှင့် မှူးမတ်များလည်းတင်ပြစရာကိစ္စအရပ်ရပ်ကို တင်ပြဆွေးနွေးကြသည်။
"နယ်စပ်ဒေသတေဘက်မှာ စိုက်ပျိုးသီးနှံတေက အရင်လိုမဖြစ်ထွန်းပဲအပျက်အစီးများ နေတာကြောင့်၊ပြည်သူတေငတ်မွတ်နေကြပါတယ်အရှင်.."
"မနက်ဖြန်နယ်စပ်ဘက်ကို စားနပ်ရိက္ခာတေအလုံအလောက်
ထောက်ပံ့လိုက်
မြေဆီလွှာပြုပြင်ထိန်းသိမ်းဖို့ ပညာရှင်တေပါစေလွှတ်စေ..""မှန်လှပါအရှင်.."
"အရေးကြီးကိစ္စရှိနေပါသေးတယ်အရှင်.."
ညီလာခံသိမ်းခါနီးအချိန်မှ ကာကွယ်ရေးအမတ်ထံမှ
လျှောက်တင်လာလေသည်။"လျှောက်တင်စေ.."
"အခုရက်ပိုင်းအတွင်းမှာသူပုန်တေ ဆူပူမှုကပိုဆိုးလာကြောင်းပါအရှင်၊အဲ့တာ.."
"အဲ့တာကာကွယ်ရေးအမတ်ကြီးကမဖြေရှင်းနိုင်ဘူးလား.."
"အဲ့လို့မဟုကြောင်းပါ..သူပုန်တေဘက်က တပ်ဖွဲ့သမျှအင်အားကြီးလာတာကြောင့် လျှောက်တင်ရခြင်းဖြစ်ပါတယ်အရှင်။ပြီးတော့.."
"မြန်မြန်ပြောစမ်း၊တုံ့ဆိုင်းမနေနဲ့.."
"မှန်လှပါ၊တိုင်းပြည်မှာဒီလိုတေ ဖြစ်လာရတာဟာ၊ အရှင်ကယခုထိတိုင် တိုင်းပြည်ရဲ့မိခင်နေရာမတင်မြှောက်သေးခြင်းကြောင့်၊ကပ်ဆိုးများကျေရာက်လာတာလို့ ပြည်သူတေအကြား ပျန့်နှံ့နေကြောင်းပါအရှင်။ဒီကိစ္စကိုတော့အမြန်ဖြေရှင်းရပါလိမ့်မယ်.."
CZYTASZ
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...