"အစ်ကိုရှင်းချန်..အစ်ကိုရှင်းချန်..ကျစ်..
ရှောင်ရှင်းချန်..!!""အမလေး..!ဖြည်းဖြည်းခေါ်ပါ ရွှယ်ယန်ရာ..ငါနားမကန်းသေးပါဘူးဟ.."
"ကျွန်တော်ခေါ်နေတာကြာလှပြီ..အစ်ကိုမှ
ပြန်မထူးတာ..""အော်..ငါပုံဆွဲတဲ့ဆီစိတ်ရောက်နေလို့ပါ။ဘာပြောမို့လဲ.."
"ကျွန်တော်နန်းတော်ထဲသွားဦးမယ်..ဘယ်မှလျှောက်မသွားနဲ့နော်.."
"အယ်..ငါလဲလိုက်မယ်လေ။နန်းတော်ထဲမရောက်တာကြာပြီ.."
"အာ့ဆိုလဲလိုက်ခဲ့..ဟိုရောက်ရင်မိဖုရားဝေ့ နန်းဆောင်မှာပဲနေနော်။ဘယ်မှလျှောက်မသွားနဲ့"
"အင်းပါကွာ..မင်းကလဲငါ့ကိုကလေးလေး ကျနေတာပဲ..မင်းမှန်မှန်ပြောစမ်း။ဒီအစ်ကိုကို ကြိုက်နေတယ်မလား..ဟားဟား.!"
ရှင်းချန်တစ်ယောက်ရွှယ်ယန့်ကိုစေနာက်ကာ ရီနေလေသည်။သူပြောလိုက်သည်က အမှန်တွေဆိုတာကိုမသိပဲနှင့်ပေါ့..
"ဟုတ်တယ်.."
"အမ်..!ဘာကိုဟုတ်တာလဲ.."
"ခင်ဗျားကိုကြိုက်တယ်လို့..ရှောင်ရှင်းချန်..ကျွန်တော်ခင်ဗျားကိုချစ်တယ်.."
ရွှယ်ယန့်စကားကြောင့်ရှင်းချန် ကြောင်တောင်တောင်လေးဖြစ်နေလေသည်။
"အာ..ရွှယ်ယန်..မင်းခုနကငါပြောတာကို ပြန်ရွဲ့တာလား။ငါခုနကမင်းကိုနောက်တာလေ.."
"ကျွန်တော်ကတော့အတည်ပြောတာ..ရှောင်ရှင်းချန်ကိုချစ်တယ်။ညီအစ်ကိုလိုမဟုတ်ဘူး.. ချစ်သူလိုမျိုးချစ်တာ..ခင်ဗျားလည်း
ကျွန်ေတာ့်ကိုပြန်ချစ်.."**အခုငါ..ရည်းစားစကားအပြောခံ
လိုက်ရတာလား။ရွှယ်ယန်ကငါ့ကို ရည်းစားစကားပြောနေတာလား**"…………"
ဘာမှမတုံ့ပြန်ပဲကြောင်တောင်ဝောာင်လေး ရပ်နေသောရှင်းချန်ကြောင့် ရွှယ်ယန်လည်းပြန်တည်လိုက်ကာ..
"အဟမ်း..!လိုက်မယ်ဆိုလာ..သွားကြမယ်.."
"အမ်..အင်း..အင်း။သွားမယ်."
နန်းတော်သွားသည့်တစ်လမ်းလုံး နှစ်ယောက်သားအနေခက်စွာတိတ်ဆိတ်
နေကြသည်။နန်းတော်ရောက်ခါမှ ရွှယ်ယန်လည်းရှင်းချန်ကို ပဒုမ္မာနန်းဆောင်လိုက်ပို့ကာထွက်သွားလေသည်။
YOU ARE READING
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...