ဧကရာဇ်ရဲ့အချစ်တော်(Part-33)ဧကရာဇ္ရဲ့အခ်စ္ေတာ္

6.4K 512 22
                                    

"ညီလေးဝေ့..ညီလေးဝေ့..ဟင်းးစိတ်ကိုအရမ်း တင်းမထားပါနဲ့ကွာ..ငိုချင်နေရင်ငိုချလိုက်"

ဒဏ်ရာရနေတဲ့ဧကရာဇ်ကိုသမားတော်ကြီး ကုသပေးနေတဲ့တစ်ချိန်လုံးနန်းဆောင်ပြင်မှာ အသက်မဲ့တဲ့သူလိုမတ်တပ်ကြီးရပ်နေသော ဝေ့ရင်းအားကြည့်ကာအနားရှိလူများလည်း
စိတ်မကောင်းဖြစ်နေရသည်။

"မငိုဘူး..ကျွန်ဝောာ်ကဘာလို့ငိုရမှာလဲ၊လန်ကျန့်ကပင်ပန်းသွားလို့ခနအိပ်နေတာ။ကျွန်တော်ကငိုစရာလား..မငိုဘူး.."

အချိန်ခနကြာတော့သမားတော်ကြီးပြန်ထွက် လာသည်။ဝေ့ရင်းသမားတော်ကြီး ရှေ့ကိုသွားကာ..

"သမားဝောာ်ကြီး..လန်ကျန့်ဘယ်လိုနေလဲ၊ဘာမှမဖြစ်ဘူးမလား..ဟင်.."

"ဟင်းးစိုးရွံ့မိပါတယ်မိဖုရားဝေ့..ဧကရာဇ်ရဲ့
အခြေအနေက..မကောင်းလှပါဘူး ."

"တိတ်စမ်း..!ခင်ဗျားကသမားတော်ပဲရအောင်ကုရမယ်..!လန်ကျန့်.လန်ကျန့်ကဘယ်လောက်တောင်
အခြေအနေမကောင်းတာလဲ။"

"ဧကရာဇ်ရဲ့ရင်ဘက်ကိုလာစိုက်တဲ့မြှားမှာအဆိပ်သုတ်ထားပါတယ်။အဲ့ဒီအဆိပ်ကဧကရာဇ်ရဲ့ ခန္ဓာကုိယ်ထဲမှာအရင်ထဲကရှိနေခဲ့ပုံရတယ်။အခုနှလုံးနဲ့နီးရာကိုပြင်းပြင်းထန်ထန်၀င်ရောက်သွား‌ဝောာ့..ပိုဆိုးသွားတာပါ.."

"အဆိပ်..!အဆိပ်ဆိုရင်..ဖြေဆေးရှိရမှာပဲ။ခင်ဗျးအခုချက်ချင်းဖြေဆေးဖော်ပြီးကုလေ။ဘာလုပ်နေတာလဲ..!!"

"အဲ့ဒီအဆိပ်ကအေးခဲအဆိပ်ပါမိဖုရားဝေ့..
အဆိပ်ကပြင်းလွန်းလို့ဘယ်မှာမှတောင်မရနိုင်အောင်ချင်တိုင်းပြည်ကထိန်းသိမ်းထားတဲ့
အရာပါ။ဖြေဆေးကိုလည်းချင်တိုင်းပြည်ရဲ့ သမားတော်ကသာသိပါတယ်.."

"တောက်..!ချင်တိုင်းပြည်..ချင်တိုင်းပြည်ကို အခုချက်ချင်းသ၀ဏ်လွှာပို့လိုက်..!ဖြေဆေးမပေးရင်တစ်တိုင်းပြည်လုံးကို
မြေလှန်ပစ်မယ်လို့ပြောလိုက်..!!"

ဝေ့ရင်း၏ပုံမှာအရင်ကနဲ့အလွန်ပင်
ကွဲပြားသွားသည်။အရမ်းကိုခက်ထန်နေပြီး လူသတ်ချင်တဲ့အရိပ်အယောင်တွေကတစ်ဖွားဖွားထွက်နေသလိုပင်။အရင်ကချစ်ဖို့ကောင်းတဲ့ ဝေ့ရင်းနှင့်လားလားမျှမသက်ဆိုင်..

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Donde viven las historias. Descúbrelo ahora