ဧကရာဇ်ရဲ့အချစ်တော်(Part-27)ဧကရာဇ္ရဲ့အခ်စ္ေတာ္

5.5K 431 27
                                    

"အင်းးနေတောင်ထွက်နေပြီပဲ..ဟင်..
ဒါဘယ်သူ့လက်ကြီးလဲ.."

ကျန်းချန်မနက်အိပ်ယာနိုးတော့ သူ့ရင်ဘက်ပေါ်‌ေရာက်နေတဲ့လက်ကြောင့် အလန့်တကြားထထိုင်လိုက်သည်။ ကြည့်လိုက်တော့ရှီးချန်ဆိုသည့်လူပင်။လူကိုဖက်ကာအိပ်နေလိုက်တာများသိုးလို့။
ကျန်းချန်ခြေထောက်ဖြင့်ကန်ကာ နိုးလိုက်သည်။

"ဒီမှာ..ဟေ့လူ..!!ထတော့လေ နေဖင်ထိုးနေပြီဗျ..!!"

"အာ..ကောင်လေးကလဲ..ခနလေးပဲထပ်
အိပ်ရအောင်လေ။လာ..ပြန်လာလှဲ.."

"လန်ရှီးချန်..!!!"

"အားးဖြည်းဖြည်းအော်ပါကွာ..ကိုယ်နားမကန်းသေးပါဘူး.."

"ခင်ဗျားကိုထတော့လို့ပြောနေတယ်..နောက်ခါ
ငါပြောတဲ့တိုင်းနားမထောင်နိုင်ရင် ကုတင်ပေါ်တက်မလာနဲ့..!"

"အယ်..ထပြီ.ထပြီ..ထရင်ရပြီမလား။တစ်ကယ်ပါပဲ ရုပ်လေးချောသလောက် အပြောအဆိုကြမ်းလိုက်တာ.."

"နားညီးတယ်..ဒီကိုအပျော်လာတာမဟုတ်ဘူး ဆိုတာလည်းသတိရနော်။"

"အဟား..သိပါတယ်ကွာ..ကိုယ်က
အလုပ်ကြိုးစားပါတယ်။နောက်မှကိုယ့်ကိုတော်လိုက်တာဆိုပြီး မင်းလေးချီးကျူးနေရမယ်နော်.."

"*ိ့ မှမချီးကျူးဘူး..အမြန်ပြင်ဆင်။ပြီးရင်လုပ်ရမဲ့ကိစ္စတွေရှိတယ်.."

ပြောပြောဆိုဆိုနှင့်ဆောင့်အောင့်ကာ ထွက်သွားသောကျန်းချန်ကိုကြည့်ကာ ရှီးချန်သဘောကျနေမိသည်။

"အသက်လေးနဲ့မလိုက်အောင် ဒေါသကြီးလိုက်တာကောင်လေးရယ်..
ဒါမဲ့မင်းသိလား..မင်းကိုယ်လေးကတစ်ကယ်
ဖက်လို့ကောင်းတယ်..ဟိဟိ.."

ရှီးချန်ပြင်ဆင်ပြီးထွက်လာတော့ မျက်နှာဖုံးတပ်နေတဲ့ကျန်းချန်။မျက်နှာဖုံးကို တပ်ဖို့လုပ်လိုက် ဆောင့်အောင့်ကာ ပစ်ချလိုက်နှင့်အလုပ်တွေရှုပ်နေလေသည်။

"ကောင်လေး..ကိုယ်ကူညီပေးရမလား.."

"ဘာကိုလဲ..!"

"ဟို..ကောင်လေးကြည့်ရတာ အဆင်မပြေသလိုဖြစ်နေလို့လေ။မျက်နှာဖုံးမတပ်တတ်ဘူးမလား.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now