ဧကရာဇ်ရဲ့အချစ်တော်(Part-22)ဧကရာဇ္ရဲ့အခ်စ္ေတာ္

6.2K 489 37
                                    

Flashback start...

"အဟက်..အမတ်ကြီးကတစ်ကယ်
ပြောတတ်တာပဲ။ဒါဆိုကျွန်မလည်း လိုရင်းပဲပြန်မေးမယ်..အမတ်ကြီးကရောဘာလိုချင်တာလဲ။အလကားသက်သက်တော့ ကျွန်မကို ဒီလိုတွေလာပြောမဲ့လူမျိုးမဟုတ်ဘူးထင်တယ်.."

"ဟား.ဟား.ဟား..ထက်မြတ်ပါ‌ေပတယ်ဧကရီ။
ကျွန်တော်မျိုးလိုချင်တာက..ဘုရင်အသစ်ပါ.."

လီချင်းယန်တစ်ယောက်အမတ်ကြီးရဲ့စကား ကြားပြီးထိုင်နေရာမှပင်ထရပ်ကာ အော်လိုက်မိသည်။

"ဘာ..!!ရှင်..ရှင်ဒီစကားကပုန်ကန် ရာရောက်တယ်ဆိုတာမသိဘူးလား..!အတင့်ရဲလိုက်တာ.."

"ကျွန်တော်မျိုးပြောတာကိုဆုံးအောင် နားထောင်ပေးပါဦးဧကရီ..ကျွန်တော်မျိူးက
ဘုရင်အသစ်လိုချင်တယ်ပဲပြောတာပါ။ဧကရာဇ်ကိုမသတ်ပါဘူး.."

"ရှင်ကဘယ်လိုလုပ်ချင်လို့လဲ..အရှင့်လို လူမျိုးကိုမင်းကဖြုတ်ချနိုင်မယ်ထင်နေသလား.."

"ကျွန်တော်မျိုးတစ်ခုမေးပါမယ်..ဧကရီ ဧကရာဇ်ကိုမပိုင်ဆိုင်ချင်ဘူးလား.."

"ဒါတော့..ကျွန်မအဖြေကိုရှင်သိမှာပါ.."

"ဒါဆိုကျွန်တော်မျိုးရဲ့ကိစ္စတွေပြီးတာနဲ့ ဧကရာဇ်က ဧကရီရဲ့အပိုင်ပါပဲ..မိဖုရားကတော့
ဧကရီ့သဘောပါ.."

"ကျွန်မကဘာလုပ်ပေးရမှာလဲ.."

"ဧကရာဇ်ကိုကျွန်တော်တို့ကအင်အားသုံး လို့နိုင်မှာမဟုတ်ဘူး။ဒီတော့နည်းလမ်းတစ်လမ်းပဲရှိတယ်။ ချင်တိုင်းပြည်ရဲ့အေးခဲအဆိပ်.."

အေးခဲအဆိပ်ဟူသည်ချင်တိုင်းပြည်၏ နာမည်ကြီးအဆိပ်တစ်မျိုးပင်။နာမည်ကြီးဆိုပေမဲ့တော်ရုံလူမသိနိုင် အလွန်အန္တရာယ်များလှသဖြင့်ချင်တိုင်းပြည်၏ မင်းမျိုးနွယ်များကသာထိန်းသိမ်းထားသည်။
အေးခဲအဆိပ်မိသူမှန်သမျှက အဆိပ်မိပြီး တစ်လအတွင်းအဆိပ် မဖြေနိုင်ခဲ့လျှင်အသက်ရှင်ရန်လမ်းမရှိပေ။အဆိပ်အားအနည်းငယ်ဆီသုံးလျှင်တော့ အဆိပ်မိသည့်သူမှာအာရုံကြောတွေထိခိုက်လာ သည်အထိဖြစ်နိုင်သည်။အဆိပ်ဖြေဆေးကိုလည်း ချင်တိုင်းပြည်၏ နန်းတွင်းသမားတော်သာ သိရှိသည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now