ဧကရာဇ်ရဲ့အချစ်တော်(Part-13)ဧကရာဇ္ရဲ့အခ်စ္ေတာ္

7.4K 639 22
                                    

"ဧကရာဇ်ကြွချီတော်မူပါတယ်...!!"

"ဧကရာဇ်ကိုဂါရ၀ပြုပါတယ်.."

"လန်ကျန့်..ဘာလာလုပ်တာလဲ.."

ဧကရာဇ်ရောက်လာသည်မှာ မိုးချုပ်နေပြီမို့
ဝေ့ရင်းကညအိပ်၀တ်စုံအဖြူရောင်လေးနှင့် မိုးပြာရောင်၀တ်ရုံပါးလေးကိုသာ၀တ်ဆင်ထားပြီးဆံနွယ်များကိုလည်းတစ်၀က်သာစီးနှောင်ထားသည်။

**လှရက်လိုက်တာဝေ့ရင်းရယ်..ညအိပ်၀တ်စုံလေးနဲ့တောင်လှနေတုန်းပဲ**

"လန်ကျန့်..လန်ကျန့်..!"

"အမ်.!အော်..ခုနကဘယ်လိုကြီး မေးလိုက်တာလဲဝေ့ရင်းရယ်..
ညဘက်လာမှတော့အတူလာအိပ်တာပေါ့.."

"ဘာ..!!"

"ဖြေးဖြေးအော်ပါ..ကိုယ်နားမကန်းသေးပါဘူး.."

"လာမအိပ်နဲ့..ကိုယ့်အဆောင်ကိုယ်ပြန်အိပ်.."

"မအိပ်ချင်ပါဘူး..စိတ်မပူပါနဲ့ ကိုယ်ဝေ့ရင်းကိုဘာမှမလုပ်ဘူး.."

"ယုံရမှာလား၊အဲ့စကားက.."

"တစ်ကယ်ပါ..ဝေ့ရင်းကိုကြည့်ရဝာာ ကိုယ့်ကိုတစ်ခုခု လုပ်စေချင်နေသလိုပဲနော်.ဟင်.."

ပြောနေရင်း‌ေ၀့ရင်းအနားကို
တဖြည်းဖြည်းကပ်လာတဲ့ ဧကရာဇ်

**ငါ့ရင်ဘက်ထဲကကောင်စုတ်လေးရေ..
ကျေးဇူးပြုပြီးငြိမ်နေပေးပါလားကွာ၊မင်းခုန်ပေါက်နေတာ အရှေ့ကလူတောင် သိတော့မယ်ကွ**

"ဘာ..ဘာမှမလုပ်ရင်လည်းပြီးတာပဲ..
အိပ်အိပ်.."

"ပြီးရော.."

ခွင့်ပြုပေးလိုက်သည်နှင့် ခေါင်းလေးငြိမ့်ပြပြီး အပေါ်၀တ်ရုံတော်တွေကိုချွတ်ကာ သလွန်တော်ပေါ်၀င်လှဲနေသော ဧကရာဇ်မှာ ကလေးလေးလိုပင်..

"ဝေ့ရင်း..ဒီနားလာ.."

"အင်း.."

"ဝေ့ရင်းကိုယ့်နားလာအိပ်လေ.."

ဝေ့ရင်းမှာသလွန်ပေါ်တက်အိပ်သော်လည်း ဧကရာဇ်နားမကပ်ပဲကျုံ့ကျုံ့လေး
အိပ်နေတာကြောင့် ဧကရာဇ်မှအတင်းဆွဲခေါ်လေသည်။

"ဘာဖြစ်နေတာလဲ..လွှတ်ပေး."

"ကိုယ့်ရင်ခွင်ထဲမှာငြိမ်ငြိမ်နေနော်..မနေရင်
အဆင့်တွေတက်လာမယ်.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now