ဧကရာဇ်ရဲ့အချစ်တော်(Part-6)ဧကရာဇ္ရဲ့အခ်စ္ေတာ္

9.6K 751 21
                                    

"ဧကရာဇ်..မျက်နှာတော်လည်း
မကောင်းပါလား။
ညကကောင်းကောင်းမအိပ်စက်ရလို့ပါလား ဧကရာဇ်.."

မနက်မိုးသောက်အ‌ေဆာင်‌ေတာ်ထဲ ၀င်လာသည့်အထိန်း‌ေတာ်မင်မှာ
ဧကရာဇ်အားငယ်စဉ်ထဲကခစားလာသည့် အထိန်းတော်ပီပီဧကရာဇ်ထံတွင်
ဖြစ်ပေါ်နေသော အရာရာကို အရိပ်တကြည့်ကြည့်နှင့်စိုးရိမ်လွန်း
တတ်သူဖြစ်သည်။ယခုလည်းဧကရာဇ်မှာ ညကဝေ့ရင်းသူ့ကြောင့်ငိုသွားသည်ကို စိတ်မကောင်းဖြစ်ပြီး ‌ကောင်းကောင်းမအိပ်စက် နိုင်၍ မျက်မှာတော်မှာအနည်းငယ်
ချောင်ကျသလိုဖြစ်သည်ကို အထိန်းတော်မင်မှသတိထားမိသည်။

"ဘာမှမဖြစ်ပါဘူး..ဝေ့ရင်းကိုကောင်းကောင်းပြန်ပို့ပေးလိုက်ရဲ့လား.."

"မှန်လှပါ..ဧကရာဇ်စိတ််လန်းဆန်းအောင်
ဇီးပန်းလဖ္ဘက်ရည်ဆက်သပါ့မယ်.."

"ကိုယ်တော်ဝေ့ရင်းဆီသွားမလို့.."

"ပြင်ဆင်လိုက်ပါ့မယ်ဧကရာဇ်..မနက်စာ
စားတော်ပွဲကို သခင်လေးဝေ့ဆီပို့ဆောင်ပေးပါ့မယ်.."

"ကောင်းပြီ.."
*
*
*
*
"သခင်လေး..သခင်လေး..အိပ်ယာထ
ရပါတော့မယ်.."

"အင်းးးမထချင်သေးဘူး..အိပ်ဦးမယ်..သွား၊လာမနှောင့်ယှက်နဲ့.."

"ဟို..မထလို့မဖြစ်ပါဘူးသခင်လေး..
ဧကရာဇ်ကြွချီလာမယ်လို့၊သီတင်းရောက်ထားပါတယ်။အဲ့တာကြောင့် ပြင်ဆင်ထားရပါမယ်သခင်လေး.."

"ဟင်..!သူကဘာလာလုပ်မှာလဲ.."

"သူက..အယ်.မှားလို့..ဧကရာဇ်လာတဲ့
အကြောင်းရင်းကို ကျွန်တော်မျိုးမက သိနိုင်ပါ့မလားသခင်လေးရယ်"

**ငါ့ကိုညကကိစ္စကြောင့်မကျေနပ်လို့များ..
ပြန်လာလုပ်...အာ..ဝေ့ဝူရှန့်.!!မင်းအတွေးတွေအရမ်းကိုမှောင်မိုက်နေပြီနော်..
စိတ်ကိုစုစည်းထားစမ်း..**

"ဧကရာဇ်ကြွချီတော်မူလာပြီ..!!"

"ဧကရာဇ်ကိုဂါရ၀ပြုပါတယ်.."

"ဝေ့ရင်းနိုးပြီလား.."

"မှန်လှပါဧကရာဇ်..သခင်လေးက အဆောင်တော်ထဲမှာပါ.."

"အင်း.."

ဧကရာဇ်မှာဝေ့ရင်းကို
ဘယ်လောက်တောင်တွေ့ချင်နေမှန်းမသိပေ
အဆောင်တော်ထဲ၀င်သွားသည့်
ခြေလှမ်းများမှာ
အရင်ကထက်ပင်သွက်လက်လှသည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now