မနက်မိုးလင်းသည့်အချိန်ကစ၍ နန်းတော်တစ်ခုလုံးအလုပ်ရှုပ်နေကြသည်။
အကြောင်းမှာတော့ဒီနေ့သည် ဟန်ဧကရာဇ်၏ လက်ဆက်ပွဲနေ့ပင်ဖြစ််သည်။
ဖိတ်ကြားခံထားရသော တိုင်းပြည်များမှလည်း လက်ဆောင်ပဏ္ဍာ အသီးသီးနှင့် လာရောက်ဂုဏ်ပြုကြသည်။"ဧကရာဇ်ကိုဂါရ၀ပြုပါတယ်.."
"ကာကွယ်ရေးအမတ်ကြီးက ကိုယ်တော့်နန်းဆောင်ထိေရာက်လာပါလား။
ဘာအကြောင်းပါလဲ..""ဧကရာဇ်ရဲ့လက်ဆက်ပွဲကို ချင်မင်းသမီးလာရောက်ဂုဏ်ပြုကြောင်းပါ.."
"ဧကရာဇ်ကို ကျွန်တော်မျိုးမလီချင်းယန် ဂါရ၀ပြုပါတယ်.."
လီချင်ယန်အမည်ရှိသော ချင်မင်းသမီးသည် ကြားရသည့်သီတင်းစကားများအတိုင်း ရုပ်အဆင်းမှာတော့အလွန်ချောမော
ပြေပြစ်လှသည်။အဓိကဆွဲဆောင်မှုရှိသည်ကတော့ သူမ၏အပြုံးပင်။တစ်ခါပြုံးလိုက်တိုင်း ကော့ညွတ်တတ်သွားသော ပန်းဆီရောင်နှုတ်ခမ်း
တို့မှာမြင်ရသူယောက်ျားတိုင်း စွဲမက်စေလောက်သည့်အစွမ်းရှိလှသည်။
သို့သော်ဧကရာဇ်၏စိတ်ထဲတွင်တော့..**အင်းးမဆိုးပါဘူး။ဒါပေမဲ့ငါ့ဝေ့ရင်းလောက်ေတာ့မလှဘူး..**
"ချင်မင်းသမီး.ကိုကျေးဇူးတင်ပါတယ်။အခုတော့
ကိုယ်တော်ကဧည့်မခံနိုင်သေးဘူး..မင်းသမီး
အတွက်ပြင်ဆင်ထားတဲ့အဆောင်တော်မှာ အနားယူလိုက်ပါဦး..""အာ..မှန်လှပါ..ကျွန်တော်မျိုးမကိုခွင့်ပြုပါဦး.."
ချင်မင်းသမီးထွက်သွားသည့်တိုင် ကာကွယ်ရေးအမတ်ကြီးကမသွားသေးတာကြောင့် ဧကရာဇ်ကြည့်လိုက်ပြီး
"ကာကွယ်ရေးအမတ်ကြီးက ပြောစရာရှိသေးလို့လား.."
"မှန်လှပါဧကရာဇ်..စိုးရွံ့မိပေမဲ့ ချင်မင်းသမီးက နိုင်ငံရဲ့ဧကရီဖြစ်လာမည့်သူမို့ ဧကရာဇ်ဂရုစိုက်ပေးစေလိုပါတယ်.."
"အဲ့တာတွေနောက်မှဆက်ပြောတာပေါ့..
အခုတော့လက်ဆက်ပွဲအတွက်ပြင်ဆင်ရဦးမှာမို့
အမတ်ကြီးပြန်လိုက်ပါဦး..""မှန်လှပါဧကရာဇ်.."
*
*
*
*
"ကြင်ယာတော်လောင်း..လက်ဆက်ပွဲအတွက်
ပြင်ဆင်ရပါတော့မယ်.."
ESTÁS LEYENDO
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanficStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...