🏯.ချင်တိုင်းပြည်.🏯
"ဟန်ဧကရီထံမှစာလွှာရောက်ရှိ
လာကြောင်းပါ မင်းကြီး..""သမီးတော်ဆီကလား..!ပေးစမ်း..
ငါ့သမီးတော်ကတော့ခမည်းေတာ်ကို
သတိရနေပြီထင်တယ်..ဟား.ဟား.."ချင်မင်းကြီးကတော့သမီးတော်ဆီကစာလာ သဖြင့်၀မ်းသာနေလေသည်။စာကိုဖွင့်ဖတ်ကြည့်လိုက်တဲ့အချိန်မှာေတာ့ ချင်မင်းကြီးတစ်ေယာက်စာတွင်ပါရှိသည်
များကြောင့်အံ့ဩသွားရသည်။**ခမည်းတော်ရဲ့ချစ်သမီးလေးချင်းယန် စာရေးလိုက်ရပါတယ်။အကြောင်းကတော့ သမီးတော်တောင်းဆိုစရာလေး
ရှိလို့ပါခမည်းတော်..အခုလွှတ်လိုက်တဲ့စာပို့သူနဲ့အတူနန်းစဉ်ရတနာတစ်ခုဖြစ်တဲ့အေးခဲအဆိပ် ကိုထည့်ပေးစေလိုပါတယ်။ သမီးတော်တောင်းဆိုတဲ့အရာကိုခမည်းတော်
မငြင်းဆန်စေလိုပါ၊ဘာကြောင့်ဆိုတာလဲ မမေးပါနဲ့ခမည်းတော်..သမီးတော်လည်း ဟန်နိုင်ငံတော်မှာအဆင်ပြေပါတယ်။ ခမည်းတော်လည်းကျန်းမာရေးဂရုစိုက်ပါ။
ခမည်းတော်ရဲ့ချစ်သမီးလေးချင်းယန်**"သမီးတော်ကဘာကြောင့်အေးခဲအဆိပ်ကို တောင်းရတာလဲ..ဘာတွေများလုပ်မလို့လဲ သမီးတော်ရယ်..အထိန်းတော်ကြီး..!"
"မှန်လှပါမင်းကြီး..."
"နန်းတော်လျှို့ဝှက်ခန်းထဲကအေးခဲအဆိပ် ပုလင်းကိုယူလာခဲ့.."
"မင်း.မင်းကြီး..!ဒါက.."
"အမိန့်ပေးနေတယ်..!!"
"မှန်လှပါမင်းကြီး.."
ခနကြာတော့အထိန်းတော်ကြီးမှငွေရောင် ကြွေပုလင်းလေးကိုချင်မင်းကြီးထံ ဆက်သလိုက်သည်။
"ဟင်းးခမည်းတော်ရဲ့သမီးေတာ်က
လူေကာင်းတစ်ေယာက်ဆိုတာယုံတယ်။ ခမည်းတော်ကိုစိတ်ပျက်အောင်မလုပ်ပါနဲ့.."ချင်မင်းကြီးလည်းပုလင်းကိုစာပို့သူထံ ပေးလိုက်ပြီးထိုသူအားတစ်ခုခုမှာကြား လိုက်သေးသည်။
"မှန်လှပါမင်းကြီး..အမိန့်တော်နာခံပါ့မယ်။ကျွန်တော်မျိုးကိုခွင့်ပြုပါဦး.."
"ကောင်းပြီ.."
..🍃..🍃..🍃..🍃..
ဝေ့ရင်းတစ်ယောက်လရိပ်ဥယာဉ်ထဲတွင် တစ်ယောက်ထဲအလုပ်ရှုပ်နေလေသည်။အကြောင်းမှာတော့ဧကရာဇ်အတွက်
လက်ဆောင်လုပ်ပေးမည်ဟူပြီး ပစ္စည်းကိရိယာအစုံယူ၍ ဥယာဉ်တော်ထဲ ၀င်သွားသည်မှာမနက်စောစောထဲကပင်
ဖြစ်ပြီးယခုနေ့မွန်းတည့်နေပြီဖြစ်သည်။
YOU ARE READING
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...