ဧကရာဇ်ရဲ့အချစ်တော်(Part-1)

26.6K 1K 46
                                    

သာယာ၀ပြောပြီးအင်အားကြီးနိုင်ငံတခုဖြစ်တဲ့
ဟန်နိုင်ငံတော်၏အုပ်ချုပ်သူဟန်ဧကရာဇ်
{အမည်-လန်၀မ့်ကျီး၊ဘွဲ့‌ေတာ်-ဟန်ကွမ်းကျွင်း}မှာသက်‌ေတာ်ငယ်ရွယ်‌ေသာ်လည်း
ဘုန်းတန်ခိုးသြဇာကြီးမားလှသည်။တရားမျှတပြီး တိကျပြတ်သားတာကြောင့် တိုင်းပြည်တခွင်ဟာအေးချမ်းသာယာလေသည်။

သက်တော်၁၉နှစ်အရွယ်မှာ ရာဇပုလ္လင်ကိုစိုးစံခဲ့ပြီး ခမည်းတော်လက်ထက် ယိုယွင်းစပြုလာတဲ့နိုင်ငံတော်ကို
နိုင်ငံရေး၊စစ်ရေး၊ဘဏ္ဍာရေး..အဘက်ဘက်မှ အင်အားကြီးမား‌လာအောင်ဆောင်ရွက်ပေးနိုင်ခဲ့သည်အထိ အရည်အချင်းပြည့်၀သော ဧကရာဇ်တပါးဖြစ်သည်။ ငယ်ရွယ်သလောက် စစ်ရေးစစ်ရာတွင်လည်းကျွမ်းကျင်လွန်းလှသည့်
ဧကရာဇ်မှာစစ်နတ်ဘုရားဆိုသည့် ဂုဏ်ပုဒ်ကိုလည်းရရှိထားသူဖြစ်သည်။ထို့ကြောင့်ပင် ဟန်ဧကရာဇ်စိုးစံနေသည့်နန်းတက်နှစ် သုံးနှစ်လုံးမည်သည့်နိုင်ငံကမှ ဟန်နိုင်ငံအား အလွယ်တကူမထိပါးရဲကြပေ..

သို‌့သော်ဟန်ဧကရာဇ်တွင်ယခုထိတိုင် ကြင်ယာဝောာ်မိဖုရားမရှိသေးချေ။ထို့ကြောင့်ရွှေလမ်းငွေလမ်းဖောက်ချင်သည့်
တိုင်းပြည်များမှာမကြာခနအောင်သွယ်တော်
စေလွှတ်သော်လည်း ခေါင်းမာလှသည့် ဧကရာဇ်မှာမည်သူ့ကိုမှလက်ခံခြင်း
မပြုပဲနေခဲ့သည်။

🍃..🍃..🍃..🍃..
*ဟန်နိုင်ငံတော်၊ဝူယွမ်ရွာ*

"အားရှန့်ရေ..အားရှန့်..!!ဒီကောင်လေးဘယ်ရောက်သွားပြန်ပြီလဲ
မသိပါဘူး.."

"မမ..ကျွန်တော်ကဒီမှာပါ.."

ပန်းနုရောင်အကျီလေး၀တ်ဆင်ထားသည့် မိန်းမလှလေးရဲ့‌ေခါ်သံကြားတော့
ရေတံခွန်ကြီးအလယ်နားရှိကျောက်ဆောင်ပေါ်မှာ အိပ်နေတဲ့ကောင်လေးက ပြန်ထူးလေသည်။

"အားရှန့်..ပြန်လာခဲ့..ကျောက်ဆောင်ပေါ်ကပြုတ်ကျရင်ဘလိုလုပ်မလဲကွယ်.."

"ဟုတ်ကဲ့ပါ..မမရ၊လာပြီ.."

အနက်ရောင်နှင့်အနီရောင်စပ်ထားသော ၀တ်ရုံအား၀တ်ဆင်ထားသည့် ကောင်လေးဟာ
ခုန်ပေါက်ပြေးလွှားရင်း အမလုပ်သူဆီလာလေသည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now