ဧကရာဇ်ရဲ့အချစ်တော်(Part-15)ဧကရာဇ္ရဲ့အခ်စ္ေတာ္

7.1K 574 6
                                    

"လန်ကျန့်..!ဘာလုပ်နေတာလဲ.."

လရိပ်ဥယာဉ်ရဲ့ရေတံခွန်လေးနားကကျောက်ဆောင်ပေါ်ရပ်နေတဲ့ဧကရာဇ်..ဝေ့ရင်းခေါ်လိုက်တော့ပြန်လှည့်ကြည့်လာလေသည်

"ဟင်..လန်ကျန့်..!မင်းငိုနေတာလား..ဘာဖြစ်လို့လဲ.."

"ဝေ့ရင်း..ကိုယ့်ကိုမမုန်းပါနဲ့..ကိုယ့်လက်ကို
ဖြုတ်ချပြီးမထားခဲ့ပါနဲ့..မင်းကပါထားခဲ့ရင်
ကိုယ်အသက်မရှင်နိုင်တော့ဘူး.."

"လန်ကျန့်..!ဘာဖြစ်နေတာလဲ..အဲ့ပေါ်ကပြန်ဆင်းလာခဲ့
ပြုတ်ကျလိမ့်မယ် ."

"ဝေ့ရင်း..ကိုယ်မင်းကိုချစ်တယ်နော်.."

ဗွမ်း..!!!

ပြောနေရင်းရေထဲခုန်ချလိုက်တဲ့ဧကရာဇ်

"လန်ကျန့်..!!မလုပ်နဲ့..!"

"ကြင်ယာတော်..!ဘာဖြစ်လို့ပါလဲ.."

"ဟင်..!အား..အားချင်..
ဟူးးဘာမှမဖြစ်ပါဘူးအိပ်မက်ဆိုးမက်တာပါ.."

"ရေလေးသောက်ပြီးပြန်အိပ်လိုက်ပါ
ကြင်ယာတော်..အားချင်တို့အပြင်မှာရှိနေမယ်.."

"အင်း.."

ဝေ့ရင်းလည်းအားချင်ထည့်ပေးခဲ့တဲ့ ရေကိုယူသောက်ပြီးပြန်လှဲလိုက်သည်။

"ဘယ်လိုအိပ်မက်ကြီးလဲကွာ..လန်ကျန့်ရော
အဆင်ပြေရဲ့လားမသိဘူး.."

"ကျစ်..မဖြစ်ပါဘူး..လိုက်သွားရမယ်.."

"အားချင်..!!"

"ဟုကဲ့ပါကြင်ယာတော်.ဟင်.၀တ်ရုံကြီးခြုံပြီး..ဘယ်သွားမလို့ပါလဲ.."

"ဧကရာဇ်နန်းဆောင်သွားမယ်.."

"အာ..ဟုတ်ကဲ့.."

ညသန်းခေါင်လောက်ကြီးဝေ့ရင်းတစ်ယောက် ဧကရာဇ်နန်းဆောင်သို့ရောက်ချလာခဲ့သည်။

"ကြင်ယာတော်..နောက်ကျမှဘာအကြောင်းကြောင့်ပါလဲ.."

"အထိန်းတော်ကြီး..လန်ကျန့်..သက်သာလား.."

"ကြင်ယာတော်၀င်သွားလိုက်ပါ.."

"အင်းး.."

ဝေ့ရင်းအဆောင်တော်ထဲ၀င်သွားတော့
ညအိပ်ချိန်မို့၀တ်ရုံအဖြူရောင်သာ၀တ်ဆင်ထားသည့်ဧကရာဇ်..နေမကောင်းဘူးဆိုပြီး အိပ်ရာပေါ်ရှိမနေပဲ စာအုပ်စင်ကိုမှီကာ စာဖတ်နေလေသည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Donde viven las historias. Descúbrelo ahora