လေးလံနေတဲ့မျက်ခွံတွေကိုကြိုးစားပြီး ဖွင့်ကြည့်လိုက်တော့၀င်ရောက်လာတဲ့ စူးရှတဲ့အလင်းရောင်ကြောင့် မျက်စိကြိမ်းသွားရသည်။ လှဲနေရာမှထရန်ပြင်လိုက်တော့မိမိလက်ကို ဖိထားသည်ကြောင့်ဘေးကိုကြည့်မိတော့ နှစ်ခြိုက်စွာအိပ်စက်နေတဲ့ချစ်ရသူ။
ဧကရာဇ်လက်လေးကိုအသာဖယ်ကာ ဝေ့ရင်းအားကြည့်နေမိသည်။မနေ့က၀တ်ရုံကိစ္စနဲ့ပတ်သက်ပြီးစိတ်ဆိုးနေတဲ့
ချစ်ရသူကိုပြန်ရှင်းပြဖို့လုပ်ပေမဲ့ ရုတ်တစ်ရပ်ခန္ဓာကိုယ်ကနာကျင်လာပြီး မေ့မြောသွားသည်အထိဖြစ်သွားတာကြောင့် မရှင်းပြနိုင်ခဲ့.."တောင်းပန်ပါတယ်..ကိုယ့်အချစ်လေး
ကိုပင်ပန်းစေမိပြန်ပြီ..""အိုး..ဧကရာဇ်..သတိရပါပြီလား.."
"ရှူး..!"
အဆောင်တော်ထဲကို၀င်လာပြီး မိမိကိုတွေ့တော့ ပြာပြာသလဲစကားဆိုလာတဲ့အထိန်းတော်ကြီးကြောင့်အသံတိတ်ရန်သတိပေးရသေးသည်။
"နေရတာအဆင်ပြေပါရဲ့လား..ဧကရာဇ်။ဟိုနားဒီနားနာကျင်တာတွေရော ရှိလားဟင်."
"ဘာမှမဖြစ်တော့ဘူး..လုပ်စရာတွေရှိသေးတယ်။
စာကြည့်ဆောင်သွားဖို့ပြင်ဆင်ပေးပါဦး..""နားလိုက်ပါလားဧကရာဇ်ရယ်.."
"ပြင်ပေးထားလို့.."
"မှန်လှပါဧကရာဇ်.."
ဧကရာဇ်သလွန်တော်ပေါ်ကဆင်းကာ အိပ်ပျော်နေတဲ့ဝေ့ရင်းကို အသာပွေ့ချီပြီး သလွန်တော်ပေါ်သေချာတင်ကာ စောင်ခြုံပေးခဲ့လိုက်သည်။
"ဧကရာဇ်..မျက်နှာတော်က အရောင်မကောင်း(ဖြူဖတ်ဖြူရော်)သေးတာ ကောင်းကောင်းအနားယူသင့်ပါတယ်.."
"အော်ဟော..ကိုယ်တော်ဘာမှ
မဖြစ်တော့ပါဘူးဆို။ဒီတိုင်းပင်ပန်းသွားရုံ
လေးပဲ ဒီလောက်လေးကို ရေးကြီးခွင်ကျယ်လုပ်ပြီးအနားယူနေရင် ဒီလိုဧကရာဇ်တောင်ဖြစ်မလာဘူး။ပြီးတော့ဝေ့ရင်းနိုးလာရင် အရမ်းစိတ်ပူရအောင်မလုပ်နဲ့..ကြားလား""ဟင်းးမှန်လှပါဧကရာဇ်.."
အထိန်းတော်ကြီးလဲပြောမရသည့်ဧကရာဇ်ကို သက်ပြင်းသာချေနရတော့သည်။
BẠN ĐANG ĐỌC
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
FanfictionStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...