Unicode
တဖြူးဖြူးတိုက်ခတ်နေသော လေနွေးတို့က
မိုးမခပင် ကိုယိမ်းနွဲ့စေသည်။ ထို့အတူမြက်ခင်းပြင်တို့မှာလည်း လေစေရာ ယိမ်းရပြန်သည်။မိုးမခပင်ကြီး၏ သစ်ပင် ပင်စည်ကို ကျောတင်မှီလျက် စာအုပ် တစ်အုပ်ကို စိတ်ဝင်တစား ဖတ်နေသော ဆံပင်ရွှေအိုရောင် ပိုင်ရှင် ထိုသူကို ခပ်လှမ်းလှမ်းကပင် လှမ်း၍မြင်ရသည်။
ရောင် တစ်ယောက် သစ်ပင်နား နီးကပ်လာသော် လည်း ထို လူဖြူ အမျိုးသားသည် သတိပြုမိဟန် စိုးစင်း မျှ မရှိ။ လက်ထဲရှိစာ အုပ်ကိုသာ
သဲကြီးမဲကြီး ဖတ်နေလေသည်။Poet shirt ကိုဘောင်းဘီ ထဲတွင်ထိုးကာ ဝတ်ထားသည့် ထိုလူဖြူ၏ ပုံစံမှာ 18ရာစုက မင်းသားလိုလို ။ ထိုသူသည် သူ၏ ခြေနှစ်ဖက်ကို ထပ်၍ သစ်ပင်ထံ ကျောကိုကပ်ကာ စာအုပ်ကို ဇိမ်ပြေနပြေဖတ်နေသည်။
(စာကြွင်း -1930 ခုနှစ်တွင် လင်္ကာမုဒ္ဒရာဗမာပြည်သည် ဗြိတိသျှ တို့၏ လက်အောက်ခံဖြစ်သည်။)
"အင်း အသံပေးမှပဲ လူရောက်နေမှန်း သတိထားမိမယ် ထင်တယ်"
အဟမ်း " Excuse me " ( တဆိတ်လောက်)
တစ်ဖက် လူဖြူက ဗမာစကားပြောတတ် မပြောတတ် မသေ ချာသဖြင့် အင်္ဂလိပ်စကား သာ ရောင် ပြောလိုက်သည်။ရောင် အသံကြားမှ အသိဝင်လာဟန်ရှိသော
ထို အမျိုးသားသည် ဖတ်လက်စ စာအုပ်လေးကို
ပိတ်၍ ရောင့်ကို မော့ကြည့်လာသည်။မိုးမခပင်၏ ဖြာကျနေသော အရွက် များကြားမှ တိုးဝင်လာသော နေအလင်းရောင်တို့အောက်
ရောင့် ကို မော့၍ကြည့်လာသော အဆိုပါ အမျိုးသား၏ ပင်လယ်ပြာနုရောင် မျက်ဝန်းများ
က စူးခနဲ တောက်ပလျက်။ထို မျက်ဝန်းတို့သည် ရောင် ပင် စက္ကန့်ပိုင်းလောက်စိုက်ကြည့်မိသည်အထိ လှပလွန်းလှပါသည်။
"Um Yes"
တစ်ဖက်သူ၏ ဖြေတာကြားမှ ရောင် ထိုမျက်ဝန်းတို့ထံ စိုက်ရောက်နေသော အကြည့်တို့ကို လွှဲကာ
"Can you move to the other place please? Cause this is my place"
(ခဗျား ကျေးဇူးပြုပြီး တခြားနေရာကို ရွှေ့ပေးပါ့လား။ဒီနေရာက ကျွန်တော့်နေရာမို့ပါ)
YOU ARE READING
This is what we call "LOVE". (Completed )
Romance၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...