~အပိုင်း(၂၆)~

2.8K 179 5
                                    

အေးမြသော လေစိမ်းတို့မှာ တသုန်သုန်တိုက်ခတ်နေသည်။ ရောင့်ကိုယ်ပေါ်ကို လီယမ်
ပုဝါထူထူ လေး ခြုံပေးကာ ပိုနွေးအောင်ဖက်ထားလိုက်သည်။ ခွဲခွာရတော့မည်မို့ မနက်မလင်းခင်ကတည်းက အိမ်မှထွက်ကာ ခြံထဲမှ သစ်ပင်အိမ်ပေါ်တွင် အလွမ်းသယ်နေကြသည်။ မိုးမလင်းခင်ကတည်းကရောက်နေသော်ညား တရွေ့ရွေ့ကုန်ဆုံးလာသော အချိန်တို့ကြောင့် နေမင်းကြီးပင်ထွက်ပြူစပြုနေပြီ။ မှောင်မိုက်​သော ကောင်းကင်ကြီးသည် ယခုတော့ အလင်းရောင်တို့ဖြင့်ထွန်းတောက်လာပြီ။

​ချစ်သောသူ​၏ ရင်ခွင်သည် နွေးထွေးသည်။
လှပသော နေထွက်ချိန်အလှကို မခံစားမိဘဲ
ချစ်ရသူ​၏ မျက်နှာကိုသာ စိုက်၍ ကြည့်မိသည်။ အကြာကြီးထပ်မှန်ခွဲရဦးမည်မဟုတ်လား။
ဤအခါတော့ ယခင်ကထက်ပိုမိုဝေးလံသောဒေသ။ နေရောင်ထဲတွင် အမြဲလင်းလဲ့နေသော
​လီယမ့် မျက်ဝန်းပြာတို့ကို ရောင်မနာလိုသည်။
သိပ်လှလွန်းသည်လေ။ ပြောမဆုံးနိုင်အောင်ပင်။ အရင်က တီတီတာတာ စကားများပြောနေကြရောင်သည် ယခုတော့ တိတ်ဆိတ်နေသည်။

နှစ်ဦးသား တစ်ဦးကိုတစ်ဦးနူးညံ့စွာကြည့်သည်။ မျက်နှာနုနုတို့ကို ထိကိုင်သည်။ နှုတ်ခမ်းသားအိအိကို နမ်းရှိုက်သည်။ လက်ဖျားအေးအေးကို အပူငွေ့ပေးသည်။ ထိုမှလွဲ၍ ဘာစကားမှမပြောဖြစ်ကြ။ နှုတ်ဆက်စကားနှင့် လွမ်းဆွတ်စရာ စကားများမှတစ်ပါး ပြောစရာကျန်ပါသေးသလား။

ရောင် ဖြစ်နိုင်လျှင် ဤအချိန်လေးအား ရပ်တန့်ထားချင်သည်။ အေးမြသည်။ စိုစွတ်သည်။ နူးညံ့သည်။ သာယာသည်။ နွေးထွေးသည်။ တိတ်ဆိတ်သည်။ ချစ်ရသူ​၏ ရင်ခွင်ထဲတွင်ရှိနေသည်။ သို့သော် မဖြစ်နိုင်။အစဉ်ရွေ့လျားနေသော အချိန်ယန္တရားကြီးသည် ရောင့်ကို မျက်နှာသာပေးမည်ဟု ထင်ပါသလား။ ဘဝကပင် စွန့်ပစ်ထားခံရသော သူပင်မဟုတ်ပါလား။

စောနကပင်ထွက်ပြူစ ရှိနေသော နေမင်းကြီးသည် ယခုတွင်တော့ ကောင်းကင်ယံထက်
ခမ်းနားစွာရှိနေကာ လောကကြီးအား အလင်းတို့ဖြန့်ဖြူးပေးနေပြီ။ ဤအချိန်ဟာ နှုတ်ဆက်ရတော့မည် အချိန်သာ ဖြစ်သည်။ လီယမ် ရောင့် နဖူးလေးအား မြတ်နိုးစွာ နမ်းရှုံ့သည်။ နှစ်ဦးလုံး​၏ မျက်ခမ်းစပ်များတွင်မျက်ရည်စများ ဝေ့ကာဝဲနေသည်။ သို့သော်မငိုခဲ့ကြပါ။နာရီပိုင်းခန့်ကျန်ရှိနေသေးသည့် အချိန်အတောတွင်းကို ဝမ်းနည်းမှုများဖြင့် မပြီးဆုံးချင်ပါ။

This is what we call "LOVE". (Completed )Where stories live. Discover now