~အပိုင်း(၂၇)~

2.5K 174 2
                                    

"Sir ကျွန်တော်တို့ဘက်က ၁၀ ယောက်ကျ
၂၀ ဒဏ်ရာ ရနေပါတယ်
အခြေနေတွေကမငြိမ်သေးပါဘူး
ဟိုဘက်က ကျွန်တော်တို့ထက်အကျများပါတယ်"

သေနတ်ကျည်သံများနှင့်ဗုံးသံများဆူညံနေ
သည့်ကြားတွင် မျက်နှာတွင် ဖုန်မှုန့်များ
အပွန်းအရှတို့နှင့်ပြည့်နေသော ရဲဘော်က လီယမ့်ကို
​မြေပြင်အခြေနေကြောင်းတင်ပြနေသည်။
ယခင်ရက်များက ဒဏ်ရာရသူများသာရှိပေမဲ့
ယခုရက် အကျဆုံးရှိတာမို့ လီယမ် ပိုအလုပ်ရှူပ်သည်။ ဆေးခန်းတွင်လည်း ဒဏ်ရာရ ရဲဘော်တ်ို့​၏ နာကျင်စွာအော်သံများကို စက်ဆုပ်ဝမ်းနည်းဖွယ်ကြားရသည်။

" လူဖြည့်ဖို့လိုသေးလား"

" ဟုတ်ကဲ့ Sir လိုပါတယ်"

" အေး ငါ camp 2 က လူ ၄၀ ခေါ်သွား
လောက်ရဲ့လား"

" Yes Sir! လောက်ပါတယ်"

" အေးသွားတော့ ဂရုစိုက်ပါ ရဲဘော်"

" Yes Sir!"

ထိုရဲဘော်လေးသည် လီယမ့်အား အလေးပြုကာ camp 2 ဘက်သို့ ခပ်သုတ်သုတ်ပြေးသွားသည်။ ပြင်းထန်လှသည့် ဗုံးတ်ို့ကြောင့်
မြေပြင် တသိမ့်သိမ့်တုန်နေသည်။လီယမ်
ဆေးကုသဆောင်ဘက်ကို သွားကာ လိုတာ စီစဉ်ပေးရမည်။

" Sir "

ကုသဆောင်ရှေ့မှ စောင့်နေသော တပ်သားက
လီယမ့်အား အလေးပြုကာ နှုတ်ဆက်သည်။

" အင်း"

လီယမ်က ခေါင်းငြိမ့်ပြလ်ိုက်ပြီး အသိမှတ်ပြုလိုက်သည်။ရွက်ဖျင်တဲ ​၏ လိုက်ကာအစအား
ဖယ်ကာ ဝင်ကြည့်လိုက်သည့်အခါ စီးကြိုနေသည့် မြင်ကွင်းသည် သွေးပျက်စရာပင်။
ယခင်ရက်များက ပျော်ရွှင်စွာ သောက်စား နေကြသော မိမိ​၏ အဖော်များသည် ယခုတော့ သွေးအလိမ်းလိမ်းနှင့် ဒဏ်ရာများ​၏နာကျင်မှုများကို ခံစားနေရသည်။ ခြေ၊လက် ပျက်ကာ အော်ဟစ်နေသူများ ၊ ဝမ်းဗိုက်ပွင့်နေသူများ၊ မျက်နှာတခြမ်း ပျက်စီးသွားသူများ အစားလီယမ်အားနာရသည်။ လီယမ်က စစ်ကြောင်းရေး ထိန်းကာ ဦးဆောင်သူသာ ဖြစ်၍ စစ်ထွက်တိုက်ရခြင်းမရှိလေ။

ဆရာဝန်မလေးများ​၏ ကုတ်အဖြူလေးများလည်း ယခုတော့ သွေးများဖြင့်နီရဲလို့ပင်။
ဘိန်းတောင်မကျွေးနိုင်တော့ဘဲ အစိမ်းသာ ခွဲစိတ်၍ ဆေးထည့်ပေးနေရသည်။ လီယမ်လည်း ရှေ့မှာရှိတဲ့ ဆရာမလေး အား ချက်ချင်းပြေးကူပေးလိုက်သည်။

This is what we call "LOVE". (Completed )Where stories live. Discover now