" သွားတော့မယ် မေမေရေ
ပါးပါး သွားတော့မယ် တာ့တာ"" ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
" အေးအေး ကောင်းကောင်းသွား
ပျော်ပျော်နဲ့အကြာကြီးလည်ခဲ့ ဟုတ်ပြီလား"" ဟုတ်ကဲ့"
မင်္ဂလာပွဲကျင်းပပြီး dinner ညပြီးသည်နှင့်
လီယမ်နှင့်ရောင်တို့၏ ပျားရည်စမ်းခရီးလေးစတင်တော့သည်။ ည ၂နာရီ ထိုးနေသော်ညား
ကိုယ်ပိုင် jet လေယာဉ်ရှိသော လီယမ့်ကြောင့်
သွားစရာ ခရီးလမ်းမှာလည်းဖြောင့်ဖြူးသည်။တက္ကသိုလ် တတိယနှစ်မှာတင် လက်ထပ်လိုက်သောကြောင့် ရောင့် အိမ်က သိပ်ပြီးမကျေနပ်သော်ညား ပဌာန်းဆက် ချစ်သူများဖြစ်ကြောင်း ဗေဒင်ဆရာပေါင်းသောင်းခြောက်ထားမှ ရောင့် မိဘများအား ဟောထားသောကြောင့်
ကလေးတွေပျော်ရာ လုပ်ပါစေဟုပဲလွှတ်ထားတော့သည်။ ယခုတော့ လေယာဉ်ပေါ်မတက်ခင် ရောင် သူ၏ မိဘများအား နှုတ်ဆက်နေသည်။" ရောင် သွားရအောင်လေ ညဉ့်နက်နေပြီ"
" အွန်း သွားပြီး မားနဲ့ ပါးရေ ဘိုင်း"
" အေးအေး ဂရုစိုက်ကြ"
" ဟုတ်ကဲ့ပါ"
ထို့နောက် ရောင့် မိဘများထွက်သွားသည်နင့်
ကြင်စဦး ချစ်သူနှစ်ဦးသည် တစ်တီတူးတော့သည်။ လီယမ်က ရောင့်မိဘတွေမမြင်နိုင်လောက်သည်ထိ စောင့်ပြီးသေချာမှ
ရောင့်အား ခါးမှ ပွေ့ကာ ပုခုံးပေါ်တင်လျက်
လေယာဉ်ပေါ်ခေါ်သွားတော့သည်။" အား လီယမ် လူဆိုးရေ ချချ
နှစ်ယောက်သားပြုတ်ကျပြီး ဂန့်နေမယ်
ကျွန်တော် သေရပေါင်းမနည်းတော့ဘူးနော်"" ဘာမှမဖြစ်ပါဘူး တိုးတိုးနေလူတွေအိပ်နေပြီ"
လီယမ်က သူ၏ ကျောအား ရိုက်ပုတ်ကာ အောက်ချဖို့ပြောနေသော ရောင့်ကို တင်ပါးနှစ်ချက်လောက်ရိုက်လိုက်ရင်း
" ည၃ နာရီ ဒီကွင်းကြီးထဲမှာ ဘယ်သူရှိသေးလို့လဲ အားချလို့ ဟိုလေယာဉ်မယ်မမ တောင်ရီနေပြီ ရှက်စရာကြီး"
" ရောင်မလှုပ်နဲ့ပြုတ်ကျတော့မာ
ရောက်တော့မဲ့ကိစ္စ"" ခဗျားဟာလေအရမ်းဆိုးတာဘဲ"
YOU ARE READING
This is what we call "LOVE". (Completed )
Romance၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...