အိစက်နေသော ကူရှင်ထက်ပေါ်တွင် ခြေချိတ်လျက် ထိုင်ကာ လက်ထဲမှ ဆေးတံကိုလည်း ရှူရှိုက်နေသည်။ ခန်းမကျယ်ကြီးတွင်
တစ်ယောက်တည်းထိုင်နေသော ကြောင့် ပတ်ဝန်းကျင်မှာလည်း ငြိမ်သက်လျက်ရှိသည်။ သူမ ၏ အသက်ရှူသံနှင့် ဆေးတံရှိုက်သံကိုသဲ့သဲ့ကြားနိုင်သည်။ မယ်ရီသည် ရဲရဲနီအောင် ဆိုးထားသော နှုတ်ခမ်းအား ဖိကိုက်လိုက်ရင်း လှပသော မျက်ဝန်းပြာမှ မျက်ရည်တို့လည်း စီးကျလာသည်။ လက်ထဲမှစာရွက်အား ကျစ်ကျစ်ပါအောင် ကိုင်ရင်း
တုန်လှုပ်နေသည့် မိမိ၏ ပုံရိပ်အား အတတ်နိုင်ဆုံး ထိန်းထားသည်။သို့သော်ညား နာကျင်မှု ကြောင့်အဆက်မပြတ် စီးကျနေသော မျက်ရည်စများကိုမူ သူမ ထိန်းချုပ်နိုင်ခြင်း အလျဉ်းမရှိခဲ့ချေ။ မယ်ရီ သည် သူမ၏ ဘဝတွင် ဗီဗီယန်ကဲ့သို့ လိမ္မာပါးနပ်သော အမျိုးသမီးမျိုး ထပ်မတွေ့နိုင်ဟုပင်ထင်မိသည်ထိ ဗီဗီယန်မှာ တော်လွန်းလှပေသည်။
စာထဲတွင် ဗီဗီယန် ရေးထားသော အကြောင်းရာများကြောင့် မိမိကိုယ်ကို တစ်ဘဝစာအပြစ်တင်နေခဲ့ရသော ပြစ်မှုများ လေနှင့်အတူ ပျောက်ကွယ်သွားရသယောင်။" Dear Mary
မယ်ရီ ကျွန်မကို အခုဒေါသေထွက်ကောင်း
ထွက်နေနိုင်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကြီးငယ် အစဆုံး ကျွန်မ ဗီဗီယန်က ဘဲ စီစဉ်ခဲ့တာမို့
လီယမ့် ကို အပြစ်မတင်ဖို့ အရင်ပြောချင်ပါတယ်။ မယ်ရီ လီယမ့်အကြောင်းကို သိနေကြောင်း ကျွန်မသိလိုက်ရတော့ မယ်ရီလက်ခံပေးခဲ့မယ်ဘဲ ထင်နေခဲ့တာ။ သားအလိုကိုလိုက်၊ သားပျော်ရင် ကျေနပ်နေမဲ့သူလေ မယ်ရီက။
ဒါပေမဲ့ မထင်ထားတာက မယ်ရီက ကျွန်မထင်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာကိုဘဲ။
ဒါကြောင့်မို့ လီယမ် ကော ကျွန်မပါ ချစ်ရသူနဲ့နေလို့ရအောင် ခုလိုစီစဉ်လိုက်ရတာ။ မယ်ရီသိလား မယ်ရီက ကျွန်မ အရင်က သိခဲ့တဲ့ မယ်ရီ မဟုတ်တော့ဘူး။ အရောင်နု ဂါဝန်လေးနဲ့ ပြင်ဆင်ချယ်သမှု မရှိတဲ့ အပြစ်ကင်းစင်ပြီး
နူးညံ့သိမ်မွေ့တဲ့ ပန်းချီဆရာမလေးမဟုတ်တော့ဘူး။ မယ်ရီ သိပ်ပြောင်းလဲသွားတယ်။
ကျွန်မ မယ်ရီ့ကို မြင်မြင်ချင်း သိပ်အံ့ဩမိတယ်။ ဒါပေမဲ့ လူတိုင်းမှာ နာကျင်စရာ အတိတ်ရှိမှသာ ကိုယ် နှစ်သက်လွန်းလှတဲ့ အနုပညာကို စွန့်လွှတ်နိုင်ကြတာမဟုတ်လား။
YOU ARE READING
This is what we call "LOVE". (Completed )
Romantizm၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...