~အပိုင်း(၂၈)~

2.6K 183 3
                                    

မေမြို့၏ အအေးဓာတ်သည် မိုးရွာသောကြောင့် သာမာန်ထက်ပင်ပို၍ချမ်းစိမ့်နေသည်။ညက အသက်ရှူကြပ်လို့ဆ်ိုကာပြတင်းပေါက်ဖွင့်အိပ်သော ရောင်နွေဦးယခုတော့ စောင်ထဲတွင် ပုစွန်လုံးလေးကို ကွေးနေရပြီ။ နံနက်၅နာရီခန့်ဖြစ်သည့်အတွက် အလင်းရောင် အနည်းငယ်သာ မြင်ရပြီး
မြူတို့ပင်မစဲသေး။ မိုးလည်းမစဲသေး။
လေညင်းတို့သည် အေးစက်နေသော မိုးပေါက်များကိုဖြတ်သန်းကာတိုက်ခတ်သောကြောင့် အေးခဲနေသည်။

ရောင် တံခါးထပိတ်မှဖြစ်တော့မည်ကိုသိလိုက်သည်။ မဟုတ်လျှင် သူအေး၍ဇီဝိန်ကြွေတော့မည်။ ထို့ကြောင့် စောင်ကို ကိုယ်ပေါ်တွင် လွှား ခြုံလျက်ပင် မျက်စိ မဖွင့်တဖွင့်ဖြင့်ပြတင်းပေါက်တံခါးအား ပိတ်တော့သည်။ပြတင်းပေါက် လက်ရမ်းအား ဆွဲကာပိတ်လိုက်စဉ် အေးခဲသော အရာတစ်ခုမှ ရောင့် လက်အား ဆွဲသလိုခံစားလိုက်ရတော့ရောင် ကြောက်လန့်ပြီး ထအော်ကာချက်ချင်းပင်နောက်က်ိုဆုတ်လိုက်သည်။

အိပ်ချင်နေသောစိတ်လည်း ချက်ချင်းပင်ပြေသွားပြီး အသက်ရှူပင် မမှန်နိုင်တေ့ာ။
ရောင်သူ့လက်အားသူပြန်ကြည့်မိတေ့ာ
လက်ရာက ရှိမနေ။ ရောင် အချိန်အတန် ကြာအောင် ထိုပြတင်းပေါက်အား မျက်ခြေမပျက်ကြည့်မိသည်။ ဘာမှထူးခြားမှုရှိမလာ။
ပြတင်းပေါက်ကြီးသည် တစ်ဖက်ပိတ်ကာ တစ်ဖက်ပွင့် လျက် အနေထားမှာပင်ဆက်ရှိနေသည်။ လိုက်ကာ အဖြူသည်လည်း လေတိုက်နေသောကြောင့်လွင့်နေသည်။

ထို့ကြောင့်ရောင် မရဲတရဲ ပြတင်းပေါက်နားအောင် ထပ်လျှောက်လာပြီး ပြတင်းပေါက်လက်ကိုင်အား ဖြေးဖြေးချင်း ဆွဲပိတ်နေစဉ်

" ဝုန်း"

ပြာနှမ်းနေသော လက်ရှည်ရှည်သွယ်သွယ်ကြီးသည် ရောင့် လက်ကောက်ဝတ် အား လှမ်းဆွဲသည်။ ရောင် လန့်ဖြန့်ကာကြောက်လွန်း၍ အော်ဟစ်နေသည်။

" အား အား အား လွှတ် အား ဘာကြီးလဲ"

ရောင် အချုပ်ခံမထားရသော လက်နှင့် ပြတင်းပေါက်တံခါးကိုအကြမ်းကြီးဆွဲပိတ်လိုက်မှ
ထိုလက်ပြာကြီး လွှတ်သွားပြီး ပြတင်းပေါက်ပြင်ကနေ မှန်တံခါးအား တစ်ဗုန်းဗုန်း ရိုက်နေသည်။

This is what we call "LOVE". (Completed )Where stories live. Discover now