~အပိုင်း(၂၀)~

3.5K 209 9
                                    

"ရောင်"

"ရောင် ကိုယ် ဝင်လာလို့ရမလား"

"ရောင်ရေ ကိုယ့်ကိုပြန်ပြောပါဦးလား
ကိုယ်ကဘဲ တောင်းပန်တယ်လေနော်"

"ရောင် ကိုယ့်ကို ပြန်မပြောဘူးဆိုရင်တောင်
တစ်ခုခုတော့ထွက်စားပါနော်
အစာအိမ်နာနေလိမ့်မယ်လေကွာ"

"ရောင် ရေ ကိုယ်ရောင့်ကိုသိပ်ချစ်တာ
သိတယ်မလား"

"ရောင်ကိုယ့်ကိုယ်မချစ်တော့ဘူးလား"

"ရောင်ရေ ...."

တစ်မနက်လုံး ရောင့်ကိုအခန်းထဲက
ခေါ်ထုတ်၍ မရ။ သို့သော်လည်း maid ယူလာပေးသော မနက်စာတို့က်ိုကုန်စင်အောင် စားတဲ့
အတွက်ကြောင့်တော့ ကိုယ့်မယ် ရင်အေးရတယ်။

" ကလေး တစ်နေ့လုံး အခန်းထဲနေနေရတာ မပျင်းဘူးလားကွာ ဟင်"

" ...."

" အင်းပါ ကလေးက ကိုယ့် မျက်နှာ မမြင်ချင်လ်ို့ ထွက်မလာတာ မလား
ကလေး အထဲမှာနေနေရင် ကလေးဘဲပျင်းနေရမှာ ဒါကြောင့်မ်ို့ အိမ်မာ ရောင် ကြိုက်သလိုနေနော် ကိုယ် ထွက်သွားပေးမယ်
ရောင် စိတ်ပြေမှ အချိန်လောက်မှ ကိုယ်ပြန်လာခဲ့မယ် ရောင်"

ပြန်စာ မရှိသော စကားများကိုမမောမပန်းပြောနေမိမိကိုယ်မိမိလည်း နားမလည်နိုင်။ သေချာတာကတော့ ရောင် သူ့ကို အရမ်းစိတ်ဆိုးနေတယ်လေ။ ရောင်ငိုအောင် လုပ်ခဲ့တယ်မဟုတ်လား။ ဒါကြောင့် ရောင် စိတ်ပြေတဲ့ထိ ၂ရက်၃ရက်လောက် ရှောင်ပေးမည်ဟု
တွေးခဲ့ခြင်း။

ဒါကြောင့် လီယမ် အင်္ကျီထုပ်ကိုဆွဲပြီးထွက်သွားခါနီး ရောင့်ကို လာနှုတ်ဆက်လိုက်သည်။ ထင်မထားတာက လေသံခပ်အေးအေးနဲ့ပြောနေသော လီယမ့်စကားသံအဆုံးမှာ
တစ်နေကုန် ပိတ်ထားသော ရောင့် အခန်းတံခါးမှာ ကျွီ ကနဲ အသာလေးပွင့်လာသည်။

အထဲ အကောင်ငယ်လေးက စောင်လေးခေါင်းမူးခြုံထားလျက် ခေါင်းလေးပြူထွက်လာသည်။ မျက်လုံးကနဲ့ နှာလုံးလေးကလည်းရဲလို့။
ဒီကလေးငယ် တစ်နေကုန် ငိုနေတယ်ထင်ပါရဲ့။

" ခဗျားကို ဘယ်သူကထွက်သွားခိုင်းလို့လဲ"

" ရောင် "

This is what we call "LOVE". (Completed )Where stories live. Discover now