~အပိုင်း(၃၁)~

2.8K 164 3
                                    

"Sir ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

" အခုတော့ တောခိုကြမယ်
ငါတို့လူတွေပင်ပန်းနေကြပြီ
ငါတို့ရောက်နေတာ သူတို့မသိသေးဘူး
မနက်ဖြန်ညမှ အလစ်ဝင်ပြီး
ဓားစားခံတွေကို ခိုးထုတ်ရမယ်"

လီယမ် မှ တပ်မှူးအား ပြောနေခြင်းဖြစ်သည်။
လီယမ်တို့အဖွဲ့ ရန်သူများ ရှိသောနေရာကို ရောက်သည့်အချိန်တွင် ညနေ ၆နာရီပင်ထိုးတော့မည်။ ထို့ပြင် တပ်သားများလည်း
ပင်ပန်းနေကြသည်။ လီယမ်အပါဝင်ပေါ့။
ထို့ကြောင့် လီယမ်ထိုသို့သာပြောလိုက်သည်။
လီယမ်တို့ တောနက်သည်ထိ ဝင်ကာ စခန်းချလိုက်ကြသည်။ အသင့်ပါ ရွက်ဖျင်မိုးငယ်များ
ထိုးကြ၍ ပါလာသော အစာခြောက်များကိုဝေမျှစားရသည်။ ရန်သူများမသိရအောင်နေရသည့်အတွက် လီယမ်တို့မယ် မီးဖိုလို့မရ။ မီးခိုးများကြောင့် ရန်သူများ မိမိတို့ရှိနေသည်ကို
သိနိုင်သည်လေ။ ထို့ကြောင့် ယနေ့ညသည် သာမာန်နေ့ရက်များထက်ပို၍အေးသည်။
မီးမရှိ၊ အနွေးမရှိ သည့်အပြင် ရွက်ဖျင်တဲငယ်တို့ကလည်း ပါးသောကြောင့် ပါလာရာ အဝတ်များအထပ်ထပ်ဝတ်ဆင်ကာ အအေးဓာတ်ကို ကြံ့ကြံ့ခံနေရသည်။

နံနက်သည် မည်သို့လင်းသွားသည်လည်းမသိလိုက်။ လီယမ် မျက်လုံးပွင့်တော့ ကောင်းကင်ထက်တွင် အလင်းရောင် မြင်နေရပြီ။
လီယမ်လည်း တပ်သားများကို လိုက်နှိုးလိုက်ပြီး နေ့စဉ် လေ့ကျင့်ရေးကို မပြတ်လုပ်စေသည်။။ ဤတိုက်ပွဲလီယမ့်​၏ ပထမဆုံးဝင်တိုက်ရသော တိုက်ပွဲမဟုတ်သော်ညား လီယမ် အနည်းငယ် ရင်ထိတ်မိသည်။ရန်သူအင်အားကိုအတိကျမသိရသေး၍ ဖြစ်သည်။

ထို့ကြောင့် လီယမ် တပ်သားနှစ်ယောက်ကိုလွှတ်၍ တိုးတိတ်စွာ စောင့်ကြည့်ခိုင်းထားသည်။
ရန်သူ့ အင်အား၊ မိမိတို့ လူများအခြေနေနှင့်
ရန်သူ့ ခံတပ် ပုံစံ အားလုံး​၏ အခြေနေကိုတင်ပြခိုင်းထားသည်။

" သေချာထောက်လှမ်းခဲ့ပါ"

" Yes ,Sir"

တပ်သားနှစ်ဦးသည် လီယမ့်အား အလေးပြုကာ တာဝန်ထမ်းဆောင်ရန်ထွက်သွားကြသည်။ နံနက်ခင်း​၏ အချမ်းမှာ စိမ့်နေဆဲ
နေမင်းကြီးထွက်လာသောကြောင့်သာ အနည်းငယ် နွေးရသည်။

This is what we call "LOVE". (Completed )Where stories live. Discover now