~အပိုင်း(၃၃)~

3.2K 184 1
                                    

ထိုနေ့တွင် တစ်မနက်ခင်း လုံး မိုးဖွဲများအဆက်မပြတ် ကျဆင်းလျက်ရှိနေသည်။
ကောင်းကင်ထက်မှ မိုးနတ်သားလည်း
ရောင့် ​၏ နာကျင်မှုကို ခံစားမိသည့်အလား။

လီယမ့်​၏ နောက်ဆုံးခရီးသည် ဂုဏ်သရေရှိလှပါသည်။ မိမိ​၏ သူငယ်ချင်းအားကယ်တင်ရင်း တိုက်ပွဲတွင်း ကျဆုံးသော သူရဲကောင်းပင်ဖြစ်သည်လေ ။ ရောင့်ကဲ့သို့ လောကဓံ​၏ အရိုက်အပုတ် အားမခံနိုင်၍ အရှုံးသမားဆန်စွာ ဘဝအား အဆုံးသတ်ခဲ့ရသူတစ်ယောက်တော့ မဟုတ်ခဲ့ပါချေ။ လီယမ့်​​၏ ဂုဏ်သတင်းသည် ရာစုနှစ်များကြာလေသည်ထိ မွှေးကြိုင်နေမည်။

တပ်ရင်းမှ ရဲဘော်များ နှင့် လီယမ် ကယ်ဆယ်ခဲ့သော အရာရှိများ အားလုံးသည် လီယမ့်အား နောက်ဆုံးအကြိမ် အလေးပြုကာ
နှုတ်ဆက်ကြသည်။မြို့တော်ဝန်ကြီး​၏ မျက်ဝန်းများတွင် နောင်တများနှင့်နာကျင်မှုတို့ကို အခန့်သားမြင်နိုင်သည်။ အနက်ရောင်ထီးလေးစောင်းလျက် တရှုံ့ရှုံ့ငိုနေသော မယ်ရီနှင့် ဗီ ကို ရောင် နှစ်သိမ့်နိုင်စွမ်းမရှိပါလေ။

ရောင် ငိုနိုင်ရန် အားလည်းမကျန်တော့သလို
မျက်ရည်လည်း မကျန်လောက်တော့ပါ။
တဆစ်ဆစ်နာကျင်နေသော နှလုံးသားကတော့ နာကျင်မှု မလျော့နိုင်ခဲ့ချေ။ အသက်မဲ့သော မျက်နှာဖြင့် ငိုသံများကို လျစ်လျူပြုကာ
​လီယမ် ဟုအမည်တွင်ခဲ့ပါသော မိမိ​ဘဝတွင် ပထမဆုံးချစ်ရသူ​၏ အရိုးပြာအိုးကို ရင်တွင်ပွေ့လျက် မျက်နှာထက်ကျဆင်းလာသော မိုးသားတို့ကို လှိုက်လဲစွာကြိုဆိုသည်။

" ကျွန်တော် လီယမ့်ရဲ့နောက်ဆုံး ဆန္ဒကိုဖြည့်စည်းခွင့်ပေးပါ"

ခံစားချက် တစ်စုံတစ်ရာမပါဝင်တော့သော မျက်ဝန်းတို့ဖြင့် ကောင်ငယ်လေးသည် တရှုံ့ရှုံ့ငိုနေသော မယ်ရီအား ဆိုသည်။

" ငါတို့သားပါ သူက ငါတို့ပဲဆုံးဖြတ်ပါရစေ"

မြို့တော်ဝန်က သူ​၏ လေသံမာမာဖြင့်
ဆိုသည်။

" ရှင် မာနတွေ အတ္တတွေလျှော့ပါတော့
ဥပဒေပညာသင်နေရမဲ့ကလေးက ရှင့်ကြောင့်နဲ့ သေနတ်ကိုင် တိုက်ပွဲဝင်ရတယ်။ ရှင်သာ သူ့ကို မထိန်းချုပ်ပဲ သူ့ဘဝက်ို သူကိုယ်တိုင်ရွေးချယ်နိုင်ခွင့်ပေးမယ်ဆ်ို ကျွန်မ သားလေး
ကျွန်မသားလေး လေ ဒီလို ဖြစ်လာစရာ အကြောင်းမရှိဘူး အဲ့တာကို ရှင်သိရဲ့လား
ရှင်သိရဲ့လား အီးဟီးဟီး"

This is what we call "LOVE". (Completed )Where stories live. Discover now