~အပိုင်း(၁၆)~

3.6K 268 2
                                    

"ဟော လူလေးတို့ ပါလား အလည်လာကြတာလား "

"ဟုတ် အဘ"

" လာလာ ထိုင်လေကွယ် ဝင် ထိုင် ၊ဝင်ထိုင်"

", ဟုတ်ကဲ့"

" အကြောင်းမကြား ဘာမကြားကွယ်"

" ဟုတ်တယ် အဘ ရောင် က အဘတို့ကို လွမ်းတယ်ပြောလို့ ကျွန်တော် ပြန်လာလိုက်ပို့တာ"

" အေးကွယ် မောင်ရင်ရယ်။ မင်းအမ မိကြွယ်‌ကတော့ ပျော်နေတော့မှာပဲ သူ့မောင်လေး ပြန်လာတယ်ဆိုပြီး"

" ဟုတ်အဘ မမ မိကြွယ်‌ဆိုမှ မမမိကြွယ် ခုထိပြန်မရောက်သေးဘူးလား"

" အေးကွယ် အထည်ဝယ် မယ်ဆိုပြီးထွက်သွားတာဘဲ"

" ‌အဘ ကျွန်တော် အဘအတွက် မုန့်နဲ့ ပုဆိုး တွေဝယ်လာတယ် အဘကို ကန်တော့ရအောင်"

" မလိုပါဘူးကွယ် မောင်လီယမ်ရယ်
အဘတို့မြေးလေးကို အခုလို စောင့်ရှောက်ပေးထားလို့ အဘတို့က ကျေးဇူးတင်နေရတာ"

" ရပါတယ် အဘရာ ။ ကျွန်တော်ကသာ အဘကိုကျေးဇူးတင်ရမှာ။ ရောင့်ကို ကျွန်တော့်လက်ထဲအပ်ပေးလို့"

" အေးကွယ် အေးကွယ် အကြမ်းရည်လေး သောက်ပါဦး အဘတို့လည်းဧည့်ခံစရာ
အကြမ်းရည်လေးပဲရှိတယ်ကွယ် နေဦး
နောက်ဖေးမယ် ငါးရံ့‌ခြောက်ဖုတ် ဆီစိမ်ထားတာလေးရှိတယ် အဘသွားယူပေးမယ် နေနေ"

" အာရပါတယ်အဘ ကျွန်တော်က ရောင့် ကိုလိုက်ပို့ပေးရုံပါဘဲ ။ ကိစ္စလေးရှိလို့ ကျွန်တော်ပြန်တော့မယ်နော် "

" အော် အေးအေး လူလေး လမ်းခရီးဂရုစိုက်မောင်း"

" ဟုတ်ကဲ့ပါအဘ"

အဘကို သေချာနှုတ်ဆက် ပြီးနောက်
ရောက်ကတည်းက စကားနှစ်ခွန်း‌ပြည့်အောင် မပြောသေးသည့် ရောင့် ဘက်ကို လှည့်ကာ

" ရောင် ကိုယ်နောက်အပတ် ပြန်လာခေါ်မယ်နော်"

" အင်း"

" ဒါဆို ကိုယ်သွားတော့မယ်"

" အင်း"

ပျဥ်ထောင်အိမ်ငယ်ထဲ ကျန်ရစ်ခဲ့သော ရောင့် မျက်နှာကို မထွက်ခင် တစ်ချက် ကြည့်ပြီးမှ အိမ်သို့ပြန်လာလိုက်သည်။

This is what we call "LOVE". (Completed )Where stories live. Discover now