~အပိုင်း(၆)~

5.9K 441 10
                                    

Unicode

"ဒါဆိုလူနာ ဆေးရုံက ဆင်းလို့ရပါပြီ။ Dr မနေ့က ပြောသလိုပဲ အနာကို ရေထိမခံပါနဲ့။ တစ်ပတ်တစ်ခါ ပတ်တီးလာလဲပေးပါ။
ဆေးကိုပုံမှန်သောက်ပါ "

ဆေးရုံဆင်းခါနီးမို့ ဆရာဝန်မှ ထပ်တလဲလဲ သတိပေးနေခြင်း။

"ဟုတ်ကဲ့ပါ ဆရာ"

"ဒါဆို ကျွန်တော့်တို့ကို ခွင့်ပြုပါဦး။"

"အေးအေး"

"ကိုယ်တွဲပေးရမလား ရောင်"

"ရတယ်ရတယ် "

ရောင်က ရတယ်ပြောနေသော်လည်း ရောင့် လက်တစ်ဖက်ကို ကိုင်ထိန်းထားပေးမိသည်။

"ရောင် ဘာစားချင်လဲ လမ်းမှာတစ်ခါတည်းဝင်ဝယ်ရအောင်"

" တော်ပြီ မဝယ်တော့ဘူး။ လီယမ်ပဲချက်ကျွေး။ လီယမ် ချက်ကျွေးတာပဲ စားချင်လို့"

ဆေးရုံတက်နေတဲ့ နှစ်ရက်လုံး ရောင့်အတွက် မိမိကိုယ်တိုင် တစ်နေ့သုံးနပ်ချက်ပြုတ်ခဲ့ခြင်း။ ခုတော့ ဒီကောင်လေး ပြောပုံအရ တစ်သက်လုံးချက်ကျွေးနေရမဲ့ပုံ။ဆေးရုံက ဆင်းပြီးစမို့ထင် နီရဲနေတတ်သော နှုတ်ခမ်းဖူးတို့ပင် ဖြူဖတ်လို့နေသည်။ခုထိလည်း မျက်နှာမကောင်းသေး။ မိမိနှင့်အတူမနေချင်လို့များလား။ ဒီကောင်လေး မပျော်ဘဲ ကိုယ့်အနားတွင်လည်း ခေါ်မထားလိုပါ။ သူပျော်ရာနေရာတွင်သာ နေစေလိုပါသည်။

"ရောင် မျက်နှာမကောင်းဘူးနော်
‌ရောင် ကိုယ်နဲ့ကော တကယ်လိုက်ချင်ရဲ့လား။ မလိုက်ချင်ရင်ပြောနော် ကိုယ့်ကို အားမနာနဲ့"

"မဟုတ်ပါဘူးဗျာ။ အဘနဲ့ မမ ကို သတိရနေရတော့မှာမို့ စိတ်မကောင်းဖြစ်မိတာ၊ လီယမ်ရှိနေတာဘဲ ကျွန်တော်က မလိုက်ချင်စရာလား"

"အင်းပါ ကိုယ်က ရောင် မလိုက်ချင်ဘဲ
လိုက်နေရမှာဆိုးလို့ စိတ်ပူသွားတာ။ အဘနဲ့ အမက ရောင်တွေ့ချင်တဲ့ချိန်သွားတွေ့လို့ရပါတယ်ဆို။ ခုတောင်သွားလို့ရတယ်"

"အွန်းနော် ဟုတ်သားပဲ"

"ဒီနေ့က စပြီး ပျော်ပျော်ဘဲနေနော်"

"ကျွန်တော် ဘယ်တုန်းက မပျော်ဘူးလို့လဲ"

"ကိုယ်သိပါတယ် ရောင်က ရောက်တဲ့နေရာမှာ ပျော်အောင် နေတယ်ဆိုတာ"

This is what we call "LOVE". (Completed )Where stories live. Discover now