~အပိုင်း(၁၄)~

3.8K 284 4
                                    


မနက်စာ စားပြီးသည်နှင့် မုန့်ခြောက်၊ ကောက်ညှင်း တို့နှင့် လိုအပ်သော ပစ္စည်းများကိုယူကာ တောင်တက်ခရီးစခဲ့သည်။
တောင်ပေါ်တွင် သုံးရက်သာနေမည်ဖြစ်သောကြောင့် သယ်ရသော အဝတ်အစားမှာလည်း သိပ်ပြီးများများစားစားမဟုတ်။
ဒါကိုတောင် ပစ္စည်းတော်တော်များများကို
ဗီ က ပစ္စည်းထမ်းသူများသို့ အပ်ကာ တောင်ပေါ်သို့ သယ်ခိုင်းပြီးသားဖြစ်သည်။ အခုသူတို့ လွယ်အိတ်များထဲတွင်တော့ အင်္ကျီတစ်ထည် နှစ်ထည်နှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများသာ။

လမ်းခရီးမှာ ကြမ်းသော်ညား ပျော်စရာကောင်းလှသည်။ သဘာဝ ပတ်ဝန်းကျင်အလှကို ရေမရောပဲ ခံစားရသည်။ ရေတံခွန်မှ ရေကျသံ တဝုန်းဝုန်း။ ကျေးငှက် များ သီကျူးသံတို့ သာမက မိုးရွာခဲ့တာမို့ စိုနေသော မြေသားတို့ထက် မှ
မြေသင်းနံ့က ခပ်မွှေးမွှေး။

" လီယမ် ကြာတယ်ဗျာ "

နောက်မှာ ကျန်ခဲ့သော အရပ်ရှည်ရှည် လူဖြူသည် အရပ်ရှည်သလောက် တောင် တက်နေတာကို လေးပင်နေသည်။

" လာပြီ ရောင် "

" အရပ်ရှည်သလောက် သုံးစားမရ"

" ရောင် နော်"

" မဟုတ်လို့လား"

" အေးလေ နင်ဟာကလည်း။ ငါ့ကောင်လေးတောင် ငါ့အထုပ်ဆွဲပေးရင်း အရှေ့ဆုံးရောက်နေပြီ"

ဗီဗီယန်မှ ဝင်ပြောလိုက်ခြင်း။

" ဟုတ်ပ မမပြောလိုက်"

ဒီတစ်ခါတော့ ဗီဗီယန်နှင့် တစ်ဖွဲ့ထဲဖြစ်ကာ လီယမ့် ကိုစနေတာက ရောင်ရယ်ပါ။

" ငါက သဘာဝအလှကို ခံစားနေတာလေ"

" အပိုတွေ"

"မယုံရင် နင်တို့အိတ်တွေအကုန်သယ်ပြီး
ငါရှေ့ဆုံးက သွားရမလားပြော"

"စိတ်ကြီးတာဟယ် "

" အွန်းလေ လီယမ်က ဆိုးချက်ပဲ"

အမ ဗီ့ ပုခုံးပါလက်တင်ကို လီယမ့်ကို မျက်နှာပြောင်လုပ်ပြလိုက်သည်။ လီယမ် သည် အမှန်တကယ် သဘာဝအလှကိုခံစားရင်း နောက်မှ ဖြည်းဖြည်းခြင်းလိုက်နေတာကို သိသော်ညား
ပျင်းလို့စခြင်းဖြစ်သည်။

This is what we call "LOVE". (Completed )Where stories live. Discover now