~အပိုင်း(၁၈)~

3.4K 234 7
                                    


လေပြေလေညင်းတို့သည် သစ်ရွက် သစ်ခတ်များနှင့် အတူ တစ်ထွာခန့်ရှည်နေပြီဖြစ်သော မြက်ပင်စိမ်းများပါ မကျန် ကခုန်ယိမ်းနွဲ့နေသည်။ လတ်ဆတ်သော လေညင်းလေးများကို ရှူရှိုက်ရင်း သစ်ပင်ကြီး၏ အရိပ်အောက်တွင် တစ်ယောက်သော သူ၏ ပေါင်ထက်၌ ကျောဆန့်ကာ လှဲလျောင်းနေသည်။ပေါင် ပိုင်ရှင် လီယမ်က တော့ စာအုပ်တစ်အုပ်ကို သစ်ပင်ကို ကျောမှီထားရင်း ဖတ်နေသည်။

" လီယမ် ကျွန်တော့်ကို ဘယ်ချိန်ကတည်းက စချစ်တာလဲ"

"ကြာပြီ"

ရောင် စကားစဆိုလိုက်ကတည်းက ဖတ်လက်စ စာအုပ်လေးကို ဘေးချထားကာ မျက်လုံးများမှိတ်ကာ မေးနေသော ရောင့် ဆံနွယ်များကို ဖွနေရင်းဖြေလိုက်သည်။

" အတိကျပြောလေ လီယမ်ကလည်း"

" အတိကျကို ကိုယ်မသိဘူး
ရောင်နဲ့ စခင်ကတည်းက ရောင့်ရဲ့ချစ်စရာကောင်းတဲ့ အမူရာလေးတွေကိုတွေ့ရင်
အမြဲရင်ခုန်နေတတ်တာ။ ဒါပေမဲ့ အရေးမကြီးဘူးဆိုပြီး ရင်ခုန်သံတွေကို နောက်ထားရင်းနဲ့ကိုး
ရောင့်ကို ချစ်ကြောင်းသိလိုက်ရတာ"

" အင် ဘယ် လိုသိတာလဲ"

" ရောင် ကိုယ့်အခန်းထဲလာအိပ်တဲ့ညက"

" ဟင် အဲ့နေ့ကတည်းကလား"

" အင်း လေ အဲ့ကြောင့်ကြာပြီလို့"

" ဘယ်လိုဖြစ်လို့သိသွားတာ‌ လီယမ်က "

" ရောင့် နှုတ်ခမ်းဖူးဖူးလေးကို နမ်းလိုက်လို့"

ပြောလည်းပြော ရောင်၏ နှာလုံးလုံးလေးကို အသာ ဆွဲလိုက်သည်။

" ဟမ် နမ်းတာ"

မျက်လုံးများကို စုံ မှိတ်ထားရာမှ အလန့်တကြား ပြူးပြဲကြည့်လာသည်။

" အဲ့ဆို အဲ့နေ့ညက လီယမ် ကျွန်တော့်ကို အတည်နမ်းလိုက်တာပေါ့"

" အင်း ရောင့် နှုတ်ခမ်းလေးက ကိုယ့်ကို သိပ်ဆွဲဆောင်နိုင်တယ် "

" ကျွန်တော်က အိမ်မက်ထင်နေတာ"

" အိမ်မက်?"

" အင်းလေ လီယမ်က ကျွန်တော့်ကိုချစ်နေတယ်လို့မှ ကျွန်တော်မသိဘဲ ။ အဲ့တော့ ကျွန်တော်က အိမ်မက်လ်ို့ထင်ပြီး နောက်နေ့မနက် ရှက်နေလိုက်ရတာ ကိုယ့်အတွေးနဲ့ကိုယ်"

This is what we call "LOVE". (Completed )Where stories live. Discover now