~အပိုင်း(၁၃)~

3.9K 273 3
                                    

"ရောင် ကိုယ့်ကို ပြစရာရှိတယ်ဆို"

" အွန်း လိုက်ခဲ့"

လီယမ့်လက်ကိုဆွဲယူပြီး အခန်းထဲကို ဦးတည်လိုက်သည်။ အခန်းထဲရောက်သည်နှင့် တံခါးကို သေချာ လော့ခ် ချလိုက်ပြီး  ဗီရိုနောက်တွင်ဝှက်ထားသော ပန်းချီကားအား လီယမ့်လက်ထဲ ထည့်ပေးလိုက်သည်။

" ဒါ ဒါ ဒါက?"

" ဟုတ်တယ် လီယမ် မယ်ရီ ဆွဲခဲ့တဲ့ ဒုတိယပုံ"

" ဒီပုံတွေရဲ့အဓိပ္ပာယ်က ဘာတွေပါလိမ့်"

" အင်း ရှုပ်ထွေးတယ် လီယမ်။ ဒီ ပန်းချီကားထဲက အမျိုးသမီး မယ်ရီဆိုရင် ဒီသစ်ပင်နဲ့ ဒီလူက ဘယ်သူတွေလည်းမသိဘူး"

" အင်း ကိုယ်လည်းသိချင်တယ်"

" မာမီ့ နောက်ကြောင်းတွေကို စုံစမ်းဖို့ လူလွှတ်လိုက် မယ်"

" အွန်း ကောင်းတယ်"

" ဒါနဲ့ရောင် "

" အွန်း"

" ဒီ ပန်းချီကားကို ရောင် ဘယ်က ရှာတွေ့တာလဲ"

" ပြတင်းပေါက်ဘေးက စာအုပ်စင်ပေါ်ကနေ
ကျလာတာ ‌အဲ့ကနေတွေ့တာပဲ"

" အင်း အဲ့ကြောင့် ကိုယ်ရှာမတွေ့တာနေမှာ။
ကိုယ်အဲ့ဘက်ကို တစ်ခါမှ မရှာဖူးဘူး
ခက်ခဲမယ်ထင်တဲ့အရာက အလွယ်ဆုံးနေရာမှာ ရှိနေခဲ့တာပဲ"

" ဟုတ်တယ် မထင်မှတ်ထားတဲ့နေရာတွေ"

" ထားပါ စိတ်ရှုပ် စရာတွေ တွေးစရာတွေ
ရောင် တစ်ယောက်ထဲ ဒီမှာကျန်ခဲ့ရတာ မပျင်းဘူးလား"

" ပျင်းတာပေါ့ သေမလိုဘဲ။ ပြောတော့ ၄ရက်ဆို
တပတ်တောင်ကြာတယ် စာမလာ အကြောင်းမကြားနဲ့"

" ဟဟ ကိုယ်တကယ် မအားလို့ပါရောင် ရယ်
ဒါတောင် ဗီ က တော်တော် ကူပေးလို့"

ဗီ တဲ့။ အော် ဟို မိန်းကလေးကို သူက ဗီ ဟု ခေါ်သတဲ့လား။ သူမကလည်း ‌လီယမ်နှင့် အတူ ဒီတစ်ပတ်လုံးတူတူရှိခဲ့တာလား။ ဝမ်းနည်းရိပ်ကို မမြင်လိုသောကြောင့် ကြိုးစား၍ မျက်နှာ ပြင်ပြီး စကားဆက်လိုက်သည်။ ဟန်ဆောင်မှ ပါလေ။

"  ဟုတ်ပ ကြည့်ဦး မျက်နှာကြီးချောင်ကျသွားတာ  နားဦးလေ လီယမ် ခနဖြစ်ဖြစ်အိပ်လိုက်"

This is what we call "LOVE". (Completed )Where stories live. Discover now