" ကျွန်တော့်ကိုသေချာပြောပြပါ
လီယမ် အခြေနေမှန်ကို"ရောင် တုန်ရီနေသော အသက်ရှူသံဖြင့်
မျက်ရည်များကို အစွမ်းကုန် ထိန်းထားရင်း
မားဗစ်စ်၏ ကော်လံစအား ဒေါသတကြီး ဆွဲကာ မေး၏။ မျက်ခမ်းစပ်များမှာလည်း နီရဲ၍နေကာ မျက်ရည်စများ ဝေလာသည်။" တောင်းပန်ပါတယ် ကျွန်တော့်ကိုအမှန်တိုင်းပြောပါဗျာ ။ သူ အဆင်ပြေတယ်လို့ပြောပေးစမ်းပါ။ ကျွန်တော်ပြောတာဟုတ်တာမလားဟင်။ လီယမ် သက်သာတယ်မဟုတ်လား အကို ဖြေပါဦး"
ထိန်းသိမ်းနိုင်စွမ်းဆက်မရှိတော့သည့် အခါ
မျက်ရည်များဟာလည်း အထိန်းအကွပ်မရှိ စီးကျလာသည်။ မားဗစ်စ်၏ ကော်လံ အား ပို၍တင်းကြပ်စွာ ဆွဲလာပြီး အော်ဟစ်င်ိုကြွေးရင်း မေးသည်။ ရောင် မားဗစ်စ်၏ အဖြေကို ခန့်မှန်းပြီးသားဖြစ်သည်။ လီယမ့်အခြေနေအား တစ်ချက်ကြည့်ရုံဖြင့်သိနိုင်သည်လေ။ သို့ရာတွင်လည်း မားဗစ်စ်ဆီမှ ဆန့်ကျင်ဘက်စကားဖြစ်သော " လီယမ် အဆင်ပြေပါတယ်" ဟူသည့် အဖြေအား
မျှော်လင့်နေမိဆဲသာဖြစ်သည်။ ရောင်အမှန်တရားအားမည်သို့ လက်ခံရပါမည်နည်း။ လက်ခံနိုင်ပါမည်နည်း။မားဗစ်စ် သည် အသက်မဲ့လျက်ရှိသော သူ၏ မျက်ဝန်းတို့ဖြင့် ရောင့်ကိုစိုက်ကြည့်ခြင်းသာတတ်နိုင်သည်။ မားဗစ်စ် ရောင့်အား စိတ်မကောင်းဟန်မျက်ဝန်းတို့ဖြင့် ညင်သာစွာ
ခေါင်းခါပြလိုက်သည်။" အား မဖြစ်နိုင်ဘူး"
ရောင် မားဗစ်စ်၏ ကော်လံစကို ကိုင်လျက် စောင့်တွန်းကာ အော်ဟစ်နေရင်း ရွက်ဖျင်တဲငယ်တွင်ရှိသော ပစ္စည်းများရိုက်ခွဲပစ်သည်။" လီယမ် တိုက်ပွဲမှာတာဝန်ထမ်းဆောင်ရင်း
ဒဏ်ရာရသွားတယ်။ သူ့ ဦးနှောက်ထဲမှာ သွေးယိုသွားတယ်"မြေပြင်ပေါ်၌ ဒူးထောက်လျက်သား ငိုကြွေးနေသော ရောင့်ကို မားဗစ်စ်က အသံခပ်တိုးတိုးဖြင့် ပြောသည်။
" ဘာ သွေးယိုတာ ဟုတ်လား
ဆရာဝန်ခေါ်လေ ဘာလို့ ဆရာ ဝန်မခေါ်တာလဲ
ပြော စမ်း"ရောင် မြေပြင်ပေါ်မှ ကုန်းထကာ မားဗစ်စ်၏ ကော်လံအား နောက်တစ်ကြိမ်ဆွဲယူပြီး
မျက်နှာချင်းအပ်ကာ အော်သည်။
မားဗစ်စ်သည် ရောင့်၏ လုပ်ရက်များအား
တုန့်ပြန်မှုမရှိ။
YOU ARE READING
This is what we call "LOVE". (Completed )
Romance၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...