~အပိုင်း(၁၀)~

4.6K 309 12
                                    


ပူအိုက်‌လေ့ရှိသော နွေရာသီ၏နံနက်ခင်းလေးမှာယခုတွင်တွေတော့ အပူလျော့၍ အေးမြမြနှင့်ပင်။ တစ်ညလုံး မိုးသည်းကြီးမဲကြီး ရွာသွန်းထားသည်မို့ပင်ဖြစ်သည်။ စောင်ပုံလေးထဲတွင် ကွေးနေအောင် အိပ်နေသော ရောင်။

ကိုယ်နှစ်သက်လှသော ရောင့်အစိတ်အပိုင်းတို့ကို နံနက်တိုင်း တဝကြီးရှုစားရသည်မှာ လီယမ့် အတွက်တော့ နံနက်ခင်းလေးရဲ့အားဆေးတစ်ခွက်ကဲ့သို့ပင်ဖြစ်သည်။

စောင်ပုံ‌ထဲတွင်ပျောက်နေသော ရောင့် ခန္တာကိုယ်သေး‌သေးလေးကို ရင်ခွင်ထဲ အသာဆွဲယူကာ
ပွေ့ဖက်လို့ထားလိုက်သည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ညက မိုးသည်းထန်စွာရွာသွန်း၍ အိပ်‌မက်ဆိုးများ မက်ခဲ့သော်ညား ခိုလှုံစရာ သူ ရှိသည်မို့
ထိုအိမ်မက်ဆိုးတို့ ဝေးရသည်။

ပြတင်းပေါက် မှန်များကြားမှ တိုးဝင်လာသော
နေရောင်ခြည်စူးစူးသည် ရောင့် အတွက်အနှောက်ယှက်တစ်ခုပင်။ ရာသီဥတု သာယာတာကိုကြိုက်သော်ညား အခုလိုနေ က မျက်နှာထိုးနေသည်ကိုတော့မကြိုက်။ ညကတည်းက ပတ်ထားသော စောင်ပုံထဲ ခေါင်းတိုးဝင်လို့သာနေလိုက်သည်။ နေပူရှောင်ရန်အလို့ငှာ။

ရုတ်တရက် ‌ကိုယ့်ခန္တာကိုယ်အား ညင်သာစွာပွေ့ယူကာ ပွေ့ဖက်လာပါသော လီယမ့်ကြောင့်
ခန္တာကိုယ်အတွက် အနွေးဓာတ်သာမက ရင်ထဲအထိ ခပ်နွေးနွေးဖြစ်ရသည်။ လီယမ်သည် အိပ်နေစဉ် သူများကိုဖက်ရတာ ကြိုက်သည့်ပုံ။

ညတိုင်း မနက်တိုင်း ရောင့်ကို သူ့ရင်ခွင်ထဲ ဆွဲဆွဲထည့်လေ့ရှိသည်။သူ့ကိုယ်သူတောင်သိရဲ့လားမသိ။ စစအိပ်ချင်းတုန်းကတော့ အနည်းငယ် နေရ ကျဉ်းကြပ်ပေမဲ့ ယခုမှာတော့ ကျင့်သားပင်ရလို့နေပြီ။ဆွဲခေါ်နေသော ရင်အုံကျယ်ကြီးထံ သို့
ပျော်ပျော်ကြီးအပါခံ ၍ ခိုဝင်ပါမည်။ နှစ်သက်လှတဲ့ ပန်းသီးနံ့သင်းသင်း က တစ်မျိုး၊ ရင်ခုန်သံတိုးတိုးက တစ်ဖုံ၊ နံနက်ခင်းလေးမှာ အမြဲသာယာလို့နေပါသည်။

မကြာလိုက်ပါလေ။ နား၏မွှေးနုညှင်းလေးများ
လှုပ်ခတ်သွားနိုင်အောင်ပင် နီးကပ်လာသော
လီယမ် သည် ရောင့်ကိုနှိုးဖို့ကြံနေပါသည်။

This is what we call "LOVE". (Completed )Where stories live. Discover now