~အပိုင်း(၁၅)~

3.8K 266 2
                                    


" လီယမ် လီယမ်"

"ရောင်နွေဦး "

" လီယမ်"

"ရောင်"

" လီယမ်ရေ"

အေးခဲလှသော နံနက်ခင်းတွင် စူးရှသော အသံများ နားထဲသို့ ထိုးခဲဝင်ရောက်လာသည်။
ယမန်နေ့ညက ဖိုထားသော မီးပုံလေးမှာ ယခု အငွေ့အသက်ပင်မကျန်တော့ချေ။ လှိုင်ဂူငယ်အတွင်း အအေးဓာတ်ကသာ ကြီးစိုးလို့နေသည်။
‌ထိုစဉ် အသက်ရှူသံနွေးနွေး သည် မိမိ၏ လည်ပင်းထက်သို့ ခပ်ညှင်းညှင်းရိုက်ခတ်လို့နေသည်။ ရောင်သည် လီယမ့် ရင်အုံပေါ် ဖက်မှီကာ အိပ်စက်လို့နေသည်။

" ရောင် ရောင် ထဦး"

*အင်*

" ရောင် ထထ အပြင်မာ လာကယ်တဲ့သူတွေရောက်နေပြီထင်တယ်"

*အင် အွန်း*

တအူးအူးတအင်အင် လုပ်နေသောရောင့်ကို
လက်မှ ဆွဲခေါ်ကာ ဂူပြင်ကိုထွက်လိုက်သည်။
အိပ်ရေးမဝသေးသော ရောင်ကတော့ သူ့မျက်လုံးကို တပွတ်ပွတ်နဲ့နောက်ကပါလာသည်။

" ဗီဗီယန် Kris"

"ဗီဗီယန်"

ချောက်အောက်မှ အသံကုန်သုံး၍ လှမ်းအော်လိုက်သည်။

" လီယမ် လီယမ် လား နင်ဘယ်မှာလဲ"

" ဗီဗီယန် ငါတို့ အဲ့သစ်ပင်အောက်က ချောက်ထဲမှာ"

" အားး လီယမ် နင်တို့ကိုရှာတွေ့ပြီ
Kris  သူတို့ဒီဘက်မှာ ကယ်ဆယ်ရေးတွေဒီဘက်ကိုခေါ်ခဲ့တော့"

" တွေ့ပြီလား
ကိုခုပဲပြေးခေါ်လိုက်မယ်"

မိနစ်ပိုင်းအတွင်း ကယ်ဆယ်ရေး လူကြီးများ
ရောက်လာကာ ‌လီယမ်နှင့် ရောင့်အား ‌ထိုချောက်အတွင်းမှ ကြိုးများဖြင့် ဆွဲကာ ကုန်းပေါ်သို့တင်ပေးကြသည်။

"ဗီ ငါတို့ မန္တလေးပြန်လို့ရမလား
ရောင် လည်းပြန်ချင်မယ်ထင်လို့"

" အင်းရတယ်လေ မဟုတ်လည်း ငါပြန်ဖို့စီစဉ်မို့
ကလေးသနားပါတယ်ဟယ် ညက တစ်ယောက်တည်းကြောက်နေရှာမှာ"

" အင်းငါအချိန်မှီရောက်သွားလို့"

"နင်ရော ဘာထူးလဲ ပျောက်သွားလိုက်တာများ"

This is what we call "LOVE". (Completed )Where stories live. Discover now