~အပိုင်း(၃၀)~

2.9K 189 10
                                    


ရောင် ဤအမှန်တရားကို လက်ခံလိုက်ရသည်မှာ ရက်အချို့ရှိခဲ့ပြီ။ အစကတော့ မိမိကိုယ်ကို မိမိလိမ်ကာ ဆရာဝန်များပြောသလို သာမန် စိတ်ဒဏ်ရာဟုသာ ဖြေတွေးမိသော်လည်း တဖြည်းဖြည်း စုတ်ယုတ်လာသော ခန္တာ ၊ အသွေးအသား ကြောင့်အမှန်တရား အား နာကြည်းစွာနှင့်လက်ခံရသည်။  ရောင့် ဘဝပေးကံကြမ္မာသည် လွန်စွာဆိုးဝါးလှပါသည်။ ယခင်ဘဝကလည်း အသက်ငယ်ငယ်မှာပင် မိမိကိုယ်မိမိ အဆုံးစီရင်ရပြီး ယခုတော့ မိစ္ဆာများ​၏ ဘေးမှပြေးနေရသည်။ သို့သော်လည်း လွတ်မြောက်နိုင်မည်မဟုတ်မှန်း ရောင်သိသည်။ ပြီးတော့ ရောင် ဒီအကြောင်းတွေကို သူ့အားပြောပြချိန်တန်နေပြီဖြစ်ကြောင်းကိုလည်းသိသည်။

ရောင် အရိုးပြိုင်းပြိုင်း ဖြူစုတ်နေသော
မိမိခန္တာကိုယ်အား ဆက်ကြည့်မနေတော့ဘဲ
အကျိီပြန်ဝတ်လိုက်ပြီး စာရေးစားပွဲတွင်ထိုင်သည်။ ထို့နောက် ရောင် မှတ်တမ်းရေးနေကြ စာအုပ်လေးကို ယူကာ စရေးသည်။

" လီယမ်

ကျွန်တော် ဒီကိစ္စတွေကို ခုချိန်မှာမပြောချင်ပေမဲ့လည်း မပြောမိရင်လည်း ကျွန်တော့် ကိုကို့ ကို မနှုတ်ဆက်လိုက်ရမှာဆိုးတယ်။
ကျွန်တော်က ဒီလောက က လာတာမဟုတ်တာ
လီယမ်သိပြီးသားပါ။ ကျွန်တော့်ကို ပြန်ခေါ်နေပြီ။ ကျွန်တော့်ကိုအိမ်မက်ဆိုးတွေပေးတာကလည်း ပြန်ချိန်ရောက်ပြီလို့ သတိပေးနေတာ။
ကျွန်တာ်အစက မယုံခဲ့ဘူး။ မယုံချင်ခဲ့ဘူး။
ဒါပေမဲ့ ခုခြေနေရ ကျွန်တော် ယုံကြည်လိုက်ရတယ်။ ကျွန်တော့်ရဲ့ အသွင်အပြင်က ခု
မကြာခင် သေရမဲ့လူတစ်ယောက်လိုပဲ။
ကျွန်တော့်အသားအရေ ခြောက်ကပ်လာတယ်။ ကျွန်တော့် ခန္တာကိုယ် ပိန်လိမ်လာတယ်။ ကျွန်တော့် အသားရောင်က သွေးမရှိတော့တဲ့လူလိုပဲ။ ပါးရိုးနဲ့ မျက်ရစ်ဟောက်ပက်က ငေါတောင်ထွက်နေတယ်။ ကျွန်တော် အလွန်ဆုံး ပေါင် ၃၀ လောက်ကျသွားတယ်ဘယ်လောက်စားစား ဝိတ်မတက်တော့ဘူး။
ညဘက်တွေအိပ်မရတော့ဘူး။ ကျွန်တော်ခြံထဲကထွက်မရဘူး။ ခြံပြင်စည်းနောက်မှ ကြောက်စရာ မိစ္ဆာကောင်ကြီးတွေက ကျွန်တော့်ကိုအသင့်စောင့်နေတယ်။ အမှန်တိုင်းပြောရရင်
ကျွန်တော်ကြောက်တယ် လီယမ်။
သေရမှာကိုတော့မဟုတ်ဘူး။ ကျွန်တော်လီယမ်နဲ့အတူမရှိနိုင်တော့မှာကို ကြောက်မိတယ်။
ကျွန်တော်ထွက်မသွားချင်ဘူး။ ကျွန်တော်လီယမ့်နားမှာ အမြဲရှိနေချင်တာ။ လီယမ်နဲ့ အိုမင်းသွားချင်တာ။ ကျွန်တော် ဒီစာကိုရေးရတာက
လီယမ်ပြန်မလာခင် ကျွန်တော်ထွက်သွားရမှာဆိုးလို့ပါ။ အဲ့ခါကြ လီယမ် ဝမ်းနည်းပြီး ငိုမနေနဲ့နော်။ ကျွန်တော် လီယမ့်ကို စောင့်ကြည့်နေမှာ။ ချစ်တယ်။ အရမ်းချစ်တယ် လီယမ်။
ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံး ထိ လီယမ့်ကိုပဲချစ်ရတဲ့အတွက် ကျွန်တော်သိပ်ကံကောင်းတယ်။ လီယမ်က ကျွန်တော့်ဘဝမှာ ဖြစ်ပျက်ခဲ့သမျှထဲ အကောင်းဆုံးသော အရာတစ်ခု။ အင်း မှတ်ဉာဏ်တစ်ခု ဆို ပိုမှန်ပါမယ်"

This is what we call "LOVE". (Completed )Where stories live. Discover now