~အပိုင်း(၂၉)~

2.7K 179 4
                                    

လီယမ့်​၏ စစ်ဆင်ရေးဖြင့်တိုက်သော တိုက်ပွဲကြောင့်ရန်သူဘက်မှ အင်အား ၃၀၀ ခန့်လောက် အပြတ်ကျသွားပြီး မိမိတို့ဘက်မှာတော့ ဒဏ်ရာရသူ ၇၀လောက်ရှိကာ အသေဆုံးမှာ ၁၂ဦး သာဆိုတော့ ဤတိုက်ပွဲတွင် လီယမ်တို့ဘက်မှ အပြတ်သတ်နိုင်သွားသည်။ သို့သော်ညား နှစ်ဖက်လုံးမှ အင်အားတောင့်သည်ဖြစ်ရာ ရန်သူဘက်မှလည်းတပ်မဆုတ်သလို မိမိတို့ဘက်မှာလည်းတပ်ဆုတ် ဖို့ မရှိ။ ရက်အနည်းငယ်နေပြီးမှ ပြန်၍တိုက်ရမည်။

ရာသီဥတုမှာတော့ မိုးစက်မိုးဖွားတို့က နူးညံ့စွာ
တဖျောက်ဖျောက် ကျဆင်းနေသည်။တိုက်ပွဲပြီးကတည်းက မိုးကစဲသွားသည်ဟူ၍မရှိ။
ယခုကဲ့သို့ ဖွားတားတားတော့ ရွာနေစဲသာ။
​ကောင်းကင်ယံထက် နေမင်းမပေါ်ထွန်းလာသည်မှာ ရက်ပိုင်းခန့်ပင်ရှိနေပြီ။ မိုးမစဲသေး၍
တိုက်ပွဲများမှာလည်း ပို၍ ကြာရှည်နေသည်။
မိုးနတ်မင်းသည် ယခုအခါတွင်တော့မိမိဘက်တွင်ရှိမနေတော့​။ အခုအင်အားနှင့်ဆိုလျှင်
ရန်သူအား အပြတ်နိုင်နိုင်သည်။ သို့သော်
မိုးကြောင့် တိုက်ပွဲမဖြစ်ရ။ နောက်ကွယ်မှ တိုက်မည့် အလုပ်ကိုလည်း လီယမ်တို့တပ်မှ လုပ်မည်မဟုတ်။ နှစ်ဦးနှစ်ဖက် ယှဉ်ပြိုင်တိုက်ခိုက်ရင်း သာသော သူအနိုင်ရသောပွဲကသာတရားမျှတသော ပွဲဖြစ်သည်။ အရှက်ရမည့်အလုပ်မျိုးအား လုပ်မည့်သူများမဟုတ်ပါလေ​။

လီယမ် မိမိ​၏ ရွက်ဖျင်တဲမှ ပြတင်းပေါက်ပုံစံရှိသော အစလေးအားဖွင့်လိုက်ကာ
မိုးအေးအေးကို အနီးကပ်ခံစားသည်။
နေမထွက်၍မိုးအုံ့သော်ညား အလင်းတော့ရှိသည်လေ။ လီယမ် စားပွဲပေါ်တွင်ထိုင်လိုက်ပြီး
စာအုပ်တစ်အုပ်မှ စာရွက်လေး ဖြဲလိုက်သည်။
ထို့နောက် မှင်တံကို မှင်ရည်ဖြည့်ပြီး
အဝါရောင်သမ်းနေသော စာရွက်ပေါ်သို့
စာအချို့ရေးသားလိုက်သည်။ ချစ်ရသူထံပါးဖို့သာ။ မကြာမီ ရိက္ခာကားရောက်တော့မည်မဟုတ်လား။

​လီယမ် စာရေးပြီးတော့ စာရွက်လေးအား
ညီညာစွာခေါက်လိုက်၍ စာအိတ်ထဲထည့်ကာ
လိပ်စာ အမည် တပ်လိုက်သည်။ ထို့နောက် စာအိတ်အား အိတ်ကပ်ထဲ ထည့်ကာ ရွက်ဖျင်တဲအပြင်သို့ထွက်လာလိုက်သည်။

This is what we call "LOVE". (Completed )Where stories live. Discover now