~အပိုင်း(၂၁)~

2.8K 208 3
                                    

"မာမီ ဘာစကားပြောတာလဲ
ကျွန်တော့်ကို ဗီနဲ့ လက်ထပ်ပေးမယ် ဟုတ်လား"

" မာမီ မင်းအတွက် အကောင်းဆုံးတွေပဲဖြစ်စေချင်လို့ရွေးချယ်ပေးထားတာသား
လက်ခံလိုက်"

" ဘာပြောတယ်
ကျွန်တော့်အတွက် အကောင်းဆုံးဟုတ်လား
ဟုတ်မှလည်းပြောပါ မာမီရယ်
မာမီတို့ရဲ့ မျိုးနွယ်ဆိုတာကြီး
ပြီးတော့ ဂုဏ်ပကာသန ဆိုတာတွေအတွက်
တစ်နည်းအားဖြင့် မာမီတို့ ပျော်ရွှင်မှု အတွက်
လုပ်နေတာလေ။ ဝန်ခံလိုက်စမ်းပါ"

" လီယမ် မင်း လေသံကိုလျှော့ပြောစမ်း
ဧည့်ခန်းထဲမှာ ဧည့်သည်တွေရှိတယ်
မင်း မာမီ တို့ စီစဉ်တာကို ဘယ်လိုတွေးလဲ
ဆိုတာကို မာမီ စိတ်မဝင်စားဘူး။
ဒီလက်ထပ်ပွဲကိုလက်ခံလိုက်လို့ပဲပြောချင်တယ်"

" ဟ မာမီတို့ စိတ်ကြိုက်စေရာ ကရအောင်
ကျွန်တော်က ရုပ်သေးရုပ်မှမဟုတ်တာ။
တစ်ခွန်းဘဲ အရှင်းပြော မယ် လက် မ ခံ နိုင် ဘူး။
​ခုလို ပြောနေတာတောင်မှ မာမီတို့ဆက်လုပ်နေမယ်ဆို ကျွန်တော် ထွက်သွားမှာ"

" မင်းက မင်းအဖေ လက်ကလွတ်အောင်ပြေးနိုင်မယ် ထင်နေတာလား ဟမ်
မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ လီယမ်
ဒီကိစ္စ ဘယ်လို မှမဖြစ်နိုင်ဘူးဆိုတာက်ို
မင်းရော မာမီ ပါ ကောင်းကောင်းကြီးသိပါတယ်။ "

" ကျွန်တော်အဲ့တာတွေမသိဘူး
မဖြစ်နိုင်ဘူးဆိုတာက်ို ဖြစ်နိုင်အောင်လုပ်ပြမယ်ဆိုရင် ကော မာမီ"

"ဟားဟား ငါ့သားရယ် မင်းထွက်သွားမယ်ဆို
မင်းရဲ့ရောင်နွေဦး ဘယ်လိုဖြစ်ပြီးကျန်နေမလဲ
စဉ်းစားပေါ့"

" မာမီ !"

" မင်းရဲ့ မာမီက မင်းအကြောင်းမသိဘဲ
မလုပ်ဘူး။အေး ခုမင်းလုပ်နေတာတွေမင်းသိတယ်။ မှားတယ်ဆိုတာလည်း မင်းသိရဲ့သားနဲ့
ဆက်မမိုက်ချင်စမ်းနဲ့"

" အော် မာမီက သိနေခဲ့တာဘဲ
ကျွန်တော်ထင်ထားခဲ့တာ
မာမီသာဆိုရင် နားလည်ပေးပြီး လက်ခံပေးမှာလို့။ ဟ ကျွန်တော် သိပ်မှားသွားတာဘဲ
မာမီဆိုတာကလည်း စည်းစိမ်တွေအပျော်အပါးတွေ အတွက် ကိုယ်နှစ်သက်တဲ့ ပန်းချီကိုတောင်စွန့်လွှတ်ပြီး ပျော်ပါးနေတဲ့သူဘဲမဟုတ်လား။"

This is what we call "LOVE". (Completed )Where stories live. Discover now