လီယမ့်၏ နေ့ရက်တိုင်းသည် ရောင်နွေဦးဟု အမည်တွင် ကောင်လေး၏ ဖြစ်တည်မှု သာယာစိုပြေလို့နေသည်။
တစ်နေ့နဲ့တစ်နေ့ မုန့်စားလိုက်၊ လျှောက်သွားလိုက် နဲ့ အလုပ်တွေများနေသော ကလေး နောက်ကို
တကောက်ကောက်လိုက်ရသည်မှာ လီယမ့်၏ တာဝန်တစ်ခု ကဲ့သို့ပင်။ဒီနေ့တွင်တော့ ရောင် တစ်ယောက် ဘယ်မှမသွားဘဲ ခြေ ငြိမ်နေသည်လေ။ ချစ်သူ ဖြစ်ပြီးကတည်းက ယခု ၆လ တောင် ကျော်နေပြီဖြစ်သော်လည်း လမ်းသလား သော မိမိ၏ ပူတူးလေးကတော့ မနားမနေ အသက်ရှည် ဆိုပြီးဆုံးဖြတ်ချက်ချထားဟန်။ တစ်ရက်တလေ ထူးထူးဆန်းဆန်း ခြေ ငြိမ်နေတာမို့
ဒီနေ့တော့ ရင်ဘတ်ကြီးထဲ ထည့်ထားကာ အဝအိပ်မည်ဟုကြိမ်းထားသော်လည်း အိမ်ရှေ့ မှ ကျယ်လောက်စွာထွက်ပေါ်လာ သော ကားဟွန်းသံကြောင့် စက္ကန့်ပိုင်းလောက်က အတွေးတို့က ဆုံးဆုံးမြုပ် ပျောက်ကွယ်ရသည်။
" ဗီ ဗီ ယန် ! "
" Hello my lovely friend, တို့ကို မတွေ့တာ ကြာလို့လွမ်းနေပြီလား"
" ချီးကို လွမ်း ငါနော် လုပ်ထည့်လိုက်ရ
တစ်ရက်တလေ ငါ့ကလေးနဲ့ အိမ်မှာ နှပ်မလို့ကို
နင်က လာဖျက်ပြန်ပြီ
နင်နော် နှစ်ခါ မကတော့ဘူး"" လီယမ်ရယ် တစ်သက်လုံးအတူနေနေရမဲ့ဟာ ကို
ဒီက တစ်ဦးတည်းသော သူငယ်ချင်းလေးငါ့ကို
ဆူပူနေတာရပ်သင့်ပါတယ် ဟယ်"" လီယမ်ကလည်း ခုမှ ရောက်တဲ့သူကို
ဘာတွေစီးပြီး ဒုက္ခပေးနေတာလဲ
လာလာ မမ အိမ်ထဲဝင်"ပေစုတ်စုတ် ကလေးရုပ်လုပ်ပြပြီးအသနားခံ
နေတဲ့ အိမ်ရှေ့က ဗီ့ကို ကြည့်ရင်း ရောင်က ဝင်ပြောသည်။" မမ ရောင်နွေ လေးက အကောင်းဆုံး
လီယမ် နင်တော့ ရှောင်လိုက်တော့
ငါက ငါ့မောင်လေးနဲ့နေတော့မာ"" ဗီ နင်.!"
" လာပါ ကိုကြီးရယ် ပြောမနေပါနဲ့တော့ ဒီက
နှမတော်ကို ၊ Noah (နိုဝါ) Come"မိမိနှင့် အရပ် ခပ်တိန်းတိန်းရှိသော foreignerတစ်ယောက်ကို ဗီက လှမ်းခေါ်လိုက်တော့ ထို ကောင်လေးက လီယမ့်အား နှုတ်ဆက်တဲ့သဘော ခေါင်းတချက်ငြိမ့်ပြပြီး ဗီနောက်လိုက်ကာ လီယမ်တို့ အိမ်ထဲဝင်သွားသည်။
YOU ARE READING
This is what we call "LOVE". (Completed )
Storie d'amore၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...