Extra 3 ✨

3.1K 113 3
                                    

Warning:Mature content is included in this episode. Ages under 15 shouldn't be reading this.

" လီယမ် ကျွန်တော့်ကိုပုံသေချာရိုက်ပေးနေဝင်တော့မှာ"

အီဖယ် တာဝါကြီးပေါ်တွင်ပုံပေါင်းရာချီရိုက်၍ရောက်ပြီးနောက်အီဖယ်တာဝါကြီးရှေ့
တွင်နောက်ထပ်ပုံပေါင်းများစွာရိုက်ပြန်လေသည်။ ပုံရိုက်စကေး အသင့်တင့်ရှိလို့ပေသာ လီယမ်ဘဝအေးချမ်းရသည်။မဟုတ်လျှင် လီယမ် အရိုးတစ်ခြား အသားတစ်ခြားပင်ဖြစ်သွားနိုင်သည်။

​"ရပြီ ကြည့်ကြည့်"

လီယမ်က ကင်မရာထဲမှ ပုံများအား
ရောင့်ကိုပြရင်းပြောသည်။

" ကျွန်တော်ကိုကို is perfect"

" ဒါပေါ့"

ရောင်က လီယမ့် ပါး ခြေဖျားထောက်ကာမေ့ာနမ်းရင်း စပ်ဖြဲဖြဲနဲ့ပြောသည်။

" နေဝင်တော့မယ် ရောင်"

" အွန်း ဒီမှာပဲနေမလား"

" ကိုယ်စီစဉ်ထားတာရှိတယ်"

ထို့နောက်ရောင့်လက်အား ဆွဲကာ Seien River သို့ခေါ်သွားတော့သည်။

"ဟိုးနားက ဆိုင်လေးတွေမှာ စားမို့လား ညစာက"

ရောင်က ကမ်းနားတွင် ရှိသောဆိုင်လေးများကိုလက်ညှိုးထိုးပြရင်းဆိုသည်။

"No"

လီယမ်က ဖုန်းဆက်နေရင်းရောင့်က ခေါင်းရမ်းပြသည်။ မိနစ်ဝက်ပင်မကြာလိုက် အပန်းဖြေ yacht အဖြူလေးသည် ရောင်တို့ရှေ့ရောက်လာတော့သည်။

" မဟုတ်မှ လွဲရော်
ဒီ သင်္ဘောကြီးကိုဝယ်လိုက်တာလား"

ရောင်က မယုံနိုင်သောအကြည့်တို့ဖြင့်လီယမ့်ကို မေးသည်။

" yacht ပါဘေဘီရယ်
ဘယ်ကသာဝယ်ရမာ တညစာ ငှားထားတာ"

" အွန်းပြီးတာဘဲ"

" မြန်မြန်တက် နေဝင်ချိန်ကျော်သွားမယ်"

"အင်း "

ရောင်က ရှေ့ကနေပဲဘဲ ​ငေါက်တောက်ငေါက်တောက် တက်သွားသည်။ လီယမ်ကတော့
ရောင်ရေထဲ ချောကျမာစိုး၍ ထိန်းပေးနေသည်။ ရောင့်အား လီယမ် yacht ​၏ ဒုတိယထက်အားခေါ်သွားသည်။ အပေါ်တွင်တော့
စားပွဲလေးပေါ်တွင် ရိုမန့်တစ် ဆန်စွာပြင်ဆင်ထားသည်​။ ဖယောင်းတိုင်လေးနှင့် နှင်းဆီ အနည်းငယ်ပေါ့။

This is what we call "LOVE". (Completed )Where stories live. Discover now