~အပိုင်း(၃၄)~

5.4K 211 4
                                    


နူးညံ့ မွှေးကြိုင်သော ပန်းရနံ့သည် အနံ့အာရုံတွင်းသို့ တိုးဝင်လာသည်။ အေးစက်သော
ရေငွေ့များသည် အသားအရေတွင်းသို့စိမ့်ဝင်သည်။ ရင်းနှီးလှသော ပတ်ဝန်းကျင်တွင်ရောင် ရောက်နေပြန်သည်။တိမ်လွှာတို့​၏ ကြားတွင်ရှိသည့် နတ်ပြည်ကဲ့သို့  နေရာတွင်ပင်။

ရောင် လှဲလျောင်းနေသည့်အနေထားမှ ထလိုက်ပြီး ကြည်ပြာနေသော ရေပြင်မှ မိမိ​၏ ပုံရိပ်ကိုကြည့်​၏။ ရောင်သည် အဖြူရောင် အင်္ကျီအားဝတ်ဆင်ထားပြီး ထိုအဖြူရောင် အင်္ကျီ၏ အနားသတ်များအား ရွှေအိုရောင်ဖြင့်ကွတ်ကာ အလှဆင်ထားသည်။ ရောင့်​၏ အသွင်မှာ ယခင်ကကဲ့သို့ ပိန်လှီကာ ကြောက်မင်ဖွယ် အသွင်မဟုတ်တော့။ မူလပုံစံတိုင်းလေး ပြည့်ဖြိုးကာလှပလျက်။ ထူးဆန်းနေသည်က
သူ​၏ ဆံနွယ်တို့မှာ အနက်ရောင်အစား စင်ကြယ်သောအဖြူရောင်ဖြစ်နေသည်။

သာယာသော စောင်းသံနောက် ရောင် လိုက်သည့်အခါ လှပသည့်နတ်သမီးငယ်တစ်ဦး
တီးခတ်နေသည်။ အဖိုးအိုကတော့ ရေကန်ငယ်​၏ ဘေးတွင် တင်ပုလျဉ် ခွေထိုင်ကာ တရားမှတ်နေဟန်။ ရောင် တရားမှတ်နေသည်ဟုထင်သဖြင့် အဖိုးအိုအားဘာမျှမပြောဘဲ ပန်းပင်များအား လိုက်လံကြည့်ရှူနေသည်။

ခေတ္တခဏအကြာ မျက်လုံးစုံမှိတ်ကာ ငြိမ်းချမ်းစွာတရားမှတ်နေသော အဖိုးအိုဆီမှ စကားသံ ကြားရတော့သည်။

" ရောက်လာပြီလား လူငယ်လေး"

" အဖိုးပြောတော့ကျွန်တော့်ကို မကယ်ဘူးဆို
ဘာလို့ကယ်ရတာလဲ ။ ကျွန်တော့်ဘဝရဲ့အဆုံးသတ်ကို ကျွန်တော် ခြယ်လှယ်ပါရစေ"

" ငါထင်တယ် မင်းသိချင်တာ ဒီမေးခွန်းတွေမဟုတ်ဘူးလို့"

အဖိုးအိုက စောင်းသွားများအား လေဖြင့်ထိတိုက်မိ၍ထွက်လာသည်သကဲ့သို့ ချိုသာသော အသံဖြင့်ပြန်ဖြေသည်။ ထိုအသံမှာ အဖိုးအိုတစ်ယောက်​၏ အသံမဟုတ်တော့ဘဲ လူလတ်ပိုင်း ယောက်ျား တစ်ယောက်​၏ အသံနှင့်ပိုတူသည်။ ရောင်အဖိုးအို ရှိရာလှည့်ကြည့်လိုက်သည့်အခါ ရောင်ဝတ်ထားသည့် အင်္ကျိီဖြူမျိုးကို ဝတ်ဆင်ထားသည့်ခန့်ညားသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသားဝတ်ထားသည့်အဝတ်စားနှင့် ရောင့်အဝတ်အစားဆင်တူသော်ညား ထိုသူ​၏ လင်းလဲ့တောက်ပမှုကြောင့် ပိုမို၍ပင်ခန့်ညားနေသည်။
ရောင် ထိုမြင်ကွင်းကြောင့်အနည်းငယ် အံ့ဩသွားရသည်။

This is what we call "LOVE". (Completed )Where stories live. Discover now