Unicode.
ရေကူးတာ နှစ်နာရီ နီးပါးပင်ရှိပြီဖြစ်သောကြောင့် ပင်ပန်းလာသည်မို့ နှစ်ယောက်သား ရေပေါ်မှတက်ကာ အင်္ကျီလဲ ပြီးမှ စိုနေသော အဝတ်များကို အခြောက်လှမ်းလိုက်သည်။
မခြောက်တခြောက်ဆံပင် စိုစိုက နဖူးထက်ဝဲနေကာ အေးသော ကြောင့်လားတော့မသိပါ
ဆေးအကူ မလိုဘဲ နီရဲနေသော နှုတ်ခမ်းဖူးတို့နှင့် မျက်တောင်ကော့ကော့ တို့ထံ တက်ရောက်နေသော ရေစက်ရေပေါက်တို့ မပြောင်သေးသော ထိုကောင်လေး ၏ ပုံစံမှာမျက်စိလွှဲချင်စရာပင် မရှိအောင် လှလွန်းပါသည်။ အနှီကောင်လေးသည် အသေးစိတ်ကြည့် လေ ပို၍ ချစ်စရာကောင်းလေ ဖြစ်ပါသည်။ ဒီလို ချစ်စရာကောင်းသော ညီလေးမျိုး လီယမ် အမြဲလိုချင်ခဲ့ပါသည်။ မာမီ့ကို ညီလေးတစ်ယောက် မွေးပေးရန် အမြဲတောင်းဆိုသော်လည်း ရောဂါအခံနှင့် မို့ကလေးထပ်ယူဖို့ မဖြစ်နိုင်မှန်း ပြောပြကတည်းက မာမီ ဝမ်းနည်းမည်ကိုစိုး၍ ထပ်မပူဆာဖြစ်တော့ပါ။ သို့သော် လီယမ် ၏ ညီလေး တစ်ယောက် အပိုင်လိုချင်သော စိတ်မှာ ပျောက် မသွားပါလေ။ထိုကောင်လေးကို စမြင်ကတည်းက မရလိုက်တဲ့ ညီလေးကို တွေ့ရသလိုခံစားချက်မျိုး ထူးထူးခြားခြားခံစားရသည်။ ဒါကြောင့်မို့သာ ဒီကောင်လေးနှင့် ပို၍ ရင်းနှီးအောင် ကြိုးစားနေခြင်း မဟုတ်လား။
ရေကူးပြီးချိန်က မွန်းတည့်ချိန်ပင် ရောက်ပြီမို့
ပင်လည်းပင်ပန်းနေသောကြောင့် သာမန်ထက်ပို၍ ဗိုက်ဆာနေပြီ။ ဘေးနား က ကောင်လေးကတော့ သူ့ ထမင်းချိုင့်ကို သူဖွင့်နေပြီ။ မိမိ ခြင်းတောင်းလေးကို ယူကာ သူ့ရှေ့ချပြတော့
မျက်လုံးပြူးပြူးလေးနှင့် မိမိကို စိုက်ကြည့်လာသည်။အူယားစရာဘဲ။" ဘာလဲ လီယမ်က နေ့လည်စာ ယူလာတာလား"
"ဒါပေါ့"
ဖြေရင်း ခြင်းထဲမှ ထည့်လာနေကြ spaghetti ရယ် sandwich ရယ်ကို ထုတ်လိုက်သည်။
"ဝိုး spaghetti ပဲ ။ ကျွန်တော့်ကို ကျွေးမယ်မလား။ မကျွေးလည်းစားမှာပဲနော်။ ဟိုရက်က
ကျွန်တော် ကျွေးထားရတာ"ဒီမယ်မင်းကြီး စွာစိစိန်စားဖို့သာ သုံးရက်လုံး ဒီ menu အတိုင်း သယ်လာတာကို သိလျှင်
ထိုသို့ ပြောထွက် မည်မထင်။ သိမှာလည်းမဟုတ်ပါဘူးလေ။
YOU ARE READING
This is what we call "LOVE". (Completed )
Romance၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...