Unicodeမူးနောက်နေသော ခံစားချက်နှင့်အတူ လီယမ်တစ်ယောက် နိုးထလာသည်။ အချိန်ကိုကြည့်တော့ မနက် ကိုးနာရီပင်ခွဲနေပြီ။ ညက မူးပြီး အခန်းထဲ ဘယ်လိုပြန်ရောက် မှန်းမသိ ရောက်နေသည်။ သေချာပြန်စဉ်းစားကြည့်တော့မှ
ရေကန်ဘေးတွင် ဖြစ်ခဲ့သော ပုံရိပ်တို့ကို တဖြေးဖြေးပြန်မြင်ယောင်လာသည်။တဖြေးဖြေးနီးကပ်လာသော ရောင့် မျက်နှာလေးကို ကြည့်ရင်း ထိုကောင်လေး၏ နှုတ်ခမ်းဖူးတို့အား အနမ်းတို့ချွေခဲ့မိသော ပုံရိပ်တို့မှာ မိမိ အား ခြောက်လှန့်လို့နေသည်။
ဘာလို့များ အခုလိုလုပ်ခဲ့မိပါလိမ့်။ ရောင် အား
ယောင်္ကျားလေးမတန်ဘဲ ချစ်စရာကောင်းလွန်းလို့ ခနခန အူယားမိတာမှန်သော်လည်း လီယမ့်မှာ ယခုလိုစိတ်မျိုးမရှိခဲ့ဖူးရပါ။ ရှိလာမယ်လည်း မထင်ခဲ့ဖူးပါ။ အရက် မူးနေလို့ လုပ်ရအောင်လည်း လီယမ် အသိစိတ်ပျောက်နေတဲ့ အထိလည်းမဟုတ်ပါ။ သေချာပြန်စဉ်းစားကြည့်မိတော့ ထိုအချိန် တွင် နီရဲနေသော ထိုနှုတ်ခမ်းဖူးတို့ကို မထိတွေ့ပဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့သည်လေ။မဖြစ်နိုင်ပါ။ မယုံနိုင်ပါ။။ ကိုယ့်ကို ခင်တွယ်လှသော ဒီကောင်လေး အပေါ်
ထိုကဲ့သို့ ခံစားချက်များ ရှိနေမိပြီလား။မသေချာ မရေရာ သော ခံစားချက်များအား
သောက်ခဲ့သော ရှန်ပိန် နှစ်ခွက်ကိုသာ အပြစ်လွှဲချမိပါသည်။ရောင့်ကို တောင်းပန်ရဦးမည်လေ။ ကိုယ့်အမှားပေမို့ ရောင် ကြိုက်တဲ့အထိ တောင်းပန်ရမှာ ကိုယ့်အလုပ်ပဲမဟုတ်လား။
--------------
မျက်နှာသစ် သွားတိုက်ပြီး အောက်ဆင်းလာတော့ ရောင်က မီးဖိုချောင်မှာ အလုပ်ရှုပ်နေလေသည်။ ဝတ်ထားတာက အင်္ကျီအပွ ဘောင်းဘီအပွ အပေါ်က အေပရွန်က ဝတ်ထားသေးသည်မို့
လေထိုးထားသော ပူဖောင်းအရုပ်လေးသယောင်။" လီယမ် နိုးပြီလား"
" အင်း"
"ကျွန်တော် လီယမ့်အတွက် အမူးပြေ ဟင်းချို လုပ်ထားတယ်"
" ဟင် အမူးပြေ? "
" အင်း ချဉ်ချဉ်စပ်စပ်လေးမို့ အမူးပြေတယ်"
YOU ARE READING
This is what we call "LOVE". (Completed )
Romance၂၁ရာစုသားလေး ၁၉၃၀ ခုနှစ်သို့ အကြောင်းကြောင်း ကြောင့် ရောက်သွားပြီး အဂ်လိပ်မြို့တော်ဝန်၏ တစ်ဦးတည်းသော သားနှင့် ဆုံမက္မိသွားသည့်အခါဝယ်.... ။ အချစ်အားနူးညံ့စွာ ရေးဖွဲ့သီကုံး ထားပါသည်။ Total episodes - 60 Zawgyi code ၂၁ရာစုသားလေး ၁၉၃၀ ခုနှစျသို့ အကွောင...