~အပိုင်း(၇)~

5.5K 409 6
                                    

Unicode

သစ်ပင်အိမ်လေးပေါ်မှ မြင်ရသော ရှုခင်းကားအလွန်သာယာလှပါသည်။ ပုဇွန်ဆီရောင်သမ်းနေသော ကောင်းကင်ကြီးတွင် ‌နီရဲလှသော နေလုံးကြီးမှာ လူ့လောကကို တစ်နေ့တာလုံး အလင်းပေးခြင်းဖြင့် တာဝန်ကျေ ခဲ့ပြီး ဖြစ်သည်မို့
အနောက်ဘက် အရပ်သို့ တဖြည်းဖြည်းဝင်ကာ
အနားယူလို့နေလေပြီ။

လောကကြီးအား စတင်အလင်းပေး‌သောအချိန်သာမက အနားယူကာ ထွက်ခွာသွားသော အချိန်အထိ ဤကမ္ဘာတစ်ခွင်အား လှပခြင်းတို့ ဖြင့် အထူးပြုပေးသည်။နေမင်းကြီးသည် တာဝန်ကျေပွန်စွာ ထမ်းဆောင်၍ အနောက်ဘက်အရပ်တွင် အနားယူသည်နှင့် အမှောင်ထုတို့ကြီးစိုးလာလေပြီ။သို့သော် ထိုအမှောင်ထုအား ဖြိုခွင်း၍ အေးချမ်းသော အလှကိုပေးသည့် လမင်းကြီး ထွက်ပြူစ ပြုချိန် သည် ယခု အချိန်ဖြစ်ပေသည်။

"ရောင် မှောင်နေပြီ ဆင်းရအောင်။ကိုယ်တို့မှာ မီးအိမ်မပါဘူး။ တောထဲမယ် မမြင်ရဘဲနေမယ်"

"အွန်း သွားမယ်လေ လီယမ်"

နှစ်ယောက်သား ထကာ သစ်ပင်အိမ်လေးပေါ်မှ ဆင်းဖို့ပြင်လိုက်သည်။

"Omg အတက်တုန်းကသာမသိသာတာနော်
အဆင်းက ကြောက်စရာကြီး။ ပြုတ်ကျသွားမှဖြင့် ခြေထောက်ပါထပ်ကျိုး‌နေတော့မယ်"

"ရောင် ရယ် လွဲပါစေ ဖယ်ပါစေ။ မဟုတ်တာတွေပြောနေတယ်။ "

"တကယ် အမြင့်ကြီးပဲလေ ကြည့်ဦး"

"ကိုယ်ရှိပါတယ် ရောင်ရယ်။မကြောက်နဲ့"

"ဘယ်သူက ကြောက်နေလို့တုန်း"

ဘုတောက်တောက်ပြောရင်း မျက်မှောင်က ကျုံ့လေပြီ ဒီကောင်လေးကတော့။

"ဟော ရောင်ပဲ ပြောတာလေ ။စောနက"

"အော် ဟုတ်လား မှားထွက်သွားတာ။မကြောက်ဘူး"

"တကယ်မကြောက်ဘူးလား"

"မကြောက်ပါဘူးဆို"

"အတည်နော်"

" ပြုတ်ကျမှာကို စိုးတာ၊ မကြောက်ဘူး"

"ဟုတ်ပါပြီကွာ။ ကိုယ်နားလည်ပြီ။
ရောင့် လက်ပေး ။ကိုယ်ထိန်းပေးထားမယ်"

This is what we call "LOVE". (Completed )Where stories live. Discover now