~အပိုင်း(၁၁)~

4.1K 292 11
                                    

" ရောင်"

လီယမ် ရောင့် ပေါင်ပေါ်မှထကာ ပြန်ထိုင်လိုက်ရင်းပြောသည်။

"အွန်း"

" အနားတိုးခဲ့ဦး"

" ဘာလုပ်မို့လဲ"

"ကိုယ်ပူစမ်းရအောင်"

" မပူပါဘူး"

လက်တစ်ဖက်ဖြင့် ကိုယ့်နဖူးပေါ်ကိုယ် စမ်းပြလိုက်ရင်း‌ ပြောလိုက်သည်။

" ရော ရောင် က ဖျားနေတာလေ
တစ်ကိုယ်လုံးအပူချိန်တူတူပဲ
ဘယ်လိုလုပ် ကိုယ့်ကိုယ်ကို ပူမှန်း သိမှာလဲ
လာ ဒီနား"

" အွန်း"

ဖတ်လတ်စ စာအုပ်လေးချပြီး သူ့နားကပ်သွားလိုက်သည်။ အေးစက်သော လက်ချောင်းသွယ်တို့ က နဖူးထပ်၌ နေရာယူသည်။

" အင်း နည်းနည်းနွေးသေးတယ်"

" ဟုတ်လား"

" အင်း"

" ကျွန်တော်တော့နေလို့ကောင်းနေတာဘဲ"

" အဖျားသိပ်မရှိလို့လေ အဲ့တာ
နှာစီးတာ ချောင်းဆိုးတာ ဖြစ်ရင် ပိုပြီးနေရခက် မှာ"

" ကျွန်တော်က ကံကောင်းပါတယ်
ဖျားရင် ချောင်းဆိုးလေ့မရှိဘူး နှာစီးတာရောပဲ
ဒါပေမဲ့ ဖျားခါနီးတော့ နှာစီးတတ်တယ်"

" ရောင် က ချူချာသား"

" အင်း ငယ်ငယ်က မိုးရွာတိုင်းဖျားတယ်
ခုမှ ကိုယ်ခံအားကောင်းလာလို့ ပုံမှန်ဖြစ်နေတာ
ရေထိပြီးအအေးပတ် မှသာဖျားတော့တာ"

" အင်း မဖြစ်တော့ပါဘူး ကိုယ်ရောင့်ကို ဒီ့ထက်ပိုပြီးဂရုစိုက် မှပါလေ"

"  စိုက်ပါနဲ့ ပုံမှန်ပဲစိုက်ပါ ဂရုစိုက်လွန်းရင်လည်း"

" ဟင် ဘာလို့လဲရောင်"

" အမ် ဘာမှမဟုတ်ဘူး ဒီတိုင်းပဲ
မသိရင် ကျွန်တော်က ကလေးလေးကြလို့"

အမှန်တကယ်က ရောင် တစ်ယောက် လီယမ့် ၏ ဂရုစိုက် မှုများကို ပိုပို၍လိုချင်ပါသည်။သို့သော်ညား လီယမ် ဒီ့ထက်ပိုဂရုစိုက်လေ ရောင့် အတွင်း ခံစားချက် များပို၍ ခိုင်မာလာလေ ပြင်းထန်လာလေ ဖြစ်မည်ကို စိုး၍သာဖြစ်သည်။

This is what we call "LOVE". (Completed )Where stories live. Discover now