Extra 1

5.3K 195 0
                                    

" ရောင် အဆင်သင့်ဖြစ်ပြီလား"

" အင်း"

" နင်နဲ့ အရမ်းလိုက်တာဘဲလားရောင်ရယ်"

လှပသော ကနုတ်သားတို့ဖြင့်ထွင်းကာပြုလုပ်ထားသည့် အဖြူရောင် ကြေးမုံမှန်ပြင်ကြီးထက်တွင် နူးညံ့လှပနေသော ကောင်လေးမှာ သူ​၏ အဖြူရောင် suit လေးနှင့်လိုက်ဖက်စွာ တင့်တယ်လျက်။

အိစက်သော ဆံသားတို့ကို နောက်သို့လှန်ထားသည်။ စင်ကြယ်နေသော အဖြူရောင် suit အင်္ကျီရှိ အိတ်ကပ်ထဲတွင် အချစ်​၏သင်ေ္ကတဖြစ်သော အနီရောင် နှင်းဆီကိုထိုးထားသည်။

မီးပန်းဆိုင်းများနှင့် ဟောခန်းတစ်ခုလုံးအလှဆင်ထားသည်။ ထို့ပြင် မိုးမခင်ပင်ငယ်တစ်ခုကိုပါ အလှဆင်သည့်အနေနှင့်ထားရှိသည်။ လီယမ်နှင့် ရောင်​၏ အချစ်သင်္ကေတ မှာ ဤ မိုးမခပင်ကြီးမဟုတ်ပါလား။
ရောင်နှင့်လီယမ်တို့​၏ မင်္ဂလာပွဲသည်
လန်ဒန်မြို့တွင်အကြီးကျယ်ဆုံးကျင်းပသော ပွဲကြီးတစ်ပွဲဖြစ်သည်။ ဒေါ်လာသန်းချီ ကုန်ကျခံကာ ကျင်းပသည့် ပွဲကြီးတွင် ကမ္ဘာအရပ်ရပ်မှ လုပ်ငန်းရှင် သူဠေးကြီးများ၊ အနုပညာရှင်များတက်ရောက်ကြသည်။ နံမည်ကြီး သတင်း မီဒီယာ သမားများလည်း မှတ်တမ်းယူရန် တက်ရောက်ကြသည်။

တောတောင်စမ်းချောင်း တစ်ခုကဲ့သို့ ပုံဖော်အလှဆင်ထားသော အခမ်းအနားသည်မပြောပြတတ်အောင်လှပသည်။ ခမ်းနားသည်။ တင့်တယ်သည်။ လီယမ်​၏ စေ့စပ်မှုသည် အံ့ဩလောက်ပေသည်။

ဆူညံနေသော မင်္ဂလာခန်းမကြီးသည်
​သတို့သားဝင်ရန် ခန်းမ တံခါးကြီးပွင့်သွားသည်နှင့်ငြိမ်သက်သွားသည်နှင့်အတူ လင်းထိန်နေသော မီးများပိတ်သွားသည်။
သတိုးသား လျှောက်လှမ်းလာမည့်
လမ်းတစ်လျှောက် တိမ်လွှာများကြားရောက်သကဲ့သို့ပင် အငွေ့များနှင့်ပြည့်နေသည်။
ခန်းမတစ်ခုလုံးအမှောင်ကျသွားပြီးသည့်နောက် အလှဆင်ထားသည့် ပြာလဲ့လဲ့ရေကန်နှင့် မိုးမခပင်ငယ်​၏ အလင်းရောင်နှင့် မီးပန်းဆိုင်းတို့​၏ အလင်းတို့သာ ကျန်ခဲ့သည်။

ပန်းကြဲပေးရန်တာဝန်ကျသည့် အဖြူရောင် ဂါဝန်လေးနှင့်၇ နှစ်အရွယ် ကလေးမ နှစ်ယောက်သည် အဖြူရောင် ပွင့်ဖတ်များအား လှပစွာကြဲသည်။ ထို့နောက် ၆ နှစ်အရွယ် ကောင်လေးသည် အနက်ရောင် suit လေးဝတ်ထားပြီး
လက်ထဲတွင် လက်ထပ်လက်စွပ် တင်ထားသော ရွှေအိုရောင် ခေါင်းဦးလေးကို ကိုင်ထားသည်။ လီယမ်နှင့်ရောင့် သူငယ်ချင်းများမှာ
သတို့သား ၊ သတို့သမီးအရံများအဖြစ် ရှေ့မှ ရှောက်လှမ်းသည်။

This is what we call "LOVE". (Completed )Where stories live. Discover now